နောင်ချိုမှ အမြောက်တပ်စခန်း ၂ ခုကို TNLA သိမ်းယူ၊ တောင်ခမ်းတိုက်ပွဲဆက်လက်ဖြစ်ပွား

နောင်ချိုမှ အမြောက်တပ်စခန်း ၂ ခုကို TNLA သိမ်းယူ၊ တောင်ခမ်းတိုက်ပွဲဆက်လက်ဖြစ်ပွား

နောင်ချိုမြို့နယ်၏ အရှေ့တောင်ဘက်ရှိ တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်းများဖြစ်သော အမတ (၄၀၆) နှင့် အမတ (၂၀၆) တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်မဟာမိတ်များမှ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ကထုတ်ပြန်ကြေညာသည်။

အဆိုပါ တပ်စခန်း နှစ်ခုကို ဩဂုတ်လ ၂၈ ရက်က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး တောင်ခမ်းရှိ အမြောက်တပ်ရင်း (၉၀၂) နှင့် အမှတ် (၄၃၅) တပ်စခန်းတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

“တောင်းခမ်းကတော့ သတင်းကောင်းသိပ်မကြာတော့ဘူး။ မြေပြင်ကနေသိရသလောက် (၃၅၄) ပဲကျန်မယ်။ (၉၀၂) က အသံတိတ်သွားပြီ” ဟု တောင်ခမ်းတိုက်ပွဲအားစောင့်ကြည့်နေသည့် နောင်ချိုမြို့ဒေသခံက ပြောသည်။

အလားတူ တောင်ခမ်းကျေးရွာ၏ အနောက်ဘက် ပြင်ဦးလွင်မြို့၊ ဝက်ဝံကျေးရွာမှ ဒေသခံကလည်း “တောင်ခမ်း( ၉၀၂ )က ဗဟိုကင်းကျသွားပြီ” ဟု ယမန်နေ့(ဩဂုတ် ၂၉ ရက်) ညနေပိုင်းက မဇ္ဈိမကိုပြောသည်။

ထိုသို့တောင်ခမ်းကျေးရွာ၌ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီမှ (၉၀၂) တပ်စခန်းသို့ Y12 ဖြင့် သုံးကြိမ်လာရောက်ကာ ဗုံးအလုံးရေ ၁၅၀ ကြဲချတိုက်ခိုက်သွားကြောင်းနှင့်၊ တောင်ရွှေရွာ၌လည်း တကြိမ်၊ သကြားစက်ရုံသို့လည်း နှစ်ကြိမ်လာရောက်လေကြောင်းတိုက်ခိုက်သွားကြောင်း TNLA ကထုတ်ပြန်ထားသည်။

“မနေ့က နေ့ရော ညရောပစ်နေတာ ဒီဇင်ဘာခြံဟိုဘက်ကနေပြီး။ ညဘက်မှာ ပိုဆိုးတယ် မြို့ပေါ်ကနေ အိမ်တုန်တာတောင်သိလိုက်ရတယ်” ဟု ပြင်ဦးလွင်မြို့ခံမှ ပြောသည်။

စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ဘက်မှတဆင့် နောင်ချိုဘက်သို့ စစ်ကူအင်အားများပေးပို့ကာ အင်အားပြန်လည်ဖြည့်တင်းနေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေရခြင်းဟု TNLA ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်စခန်း လေးခုသည် နောင်ချိုဒေသတွင်းနောက်ဆုံးကျန်ရှိနေသည့် တပ်စခန်းများဖြစ်သည်။ နောင်ချိုမြို့ကိုမူ TNLA က ဇူလိုင်လအတွင်းကပင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။ တောင်ခမ်းရွာသည် နောင်ချိုမှ မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...