သပိတ်ကျင်းမြို့သိမ်းနိုင်ပြီဟု NUG ကြေညာ၊ မန္တလေးတိုင်းတွင်း မြို့ ၄မြို့ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်

သပိတ်ကျင်းမြို့သိမ်းနိုင်ပြီဟု NUG ကြေညာ၊ မန္တလေးတိုင်းတွင်း မြို့ ၄မြို့ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်

မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်အတွင်းရှိ သပိတ်ကျင်းမြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ယနေ့(ဩဂုတ်လ ၂၆ ရက်)နံနက်တွင် ထုတ်ပြန်ကြေငြာသည်။

သပိတ်ကျင်းမြို့အား ဩဂုတ်လ ၁၇ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တမြို့လုံးအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူအား ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၆၈လက်၊ ကျည်မျိုးစုံ ၁၈,၆၆၉ တောင့်၊ ဗုံးသီး၄၂လုံး၊ RPG ဒုံးသီး ၃၆လုံး၊ Jammer သုံးလုံးနှင့် အခြားစက်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦးကျဆုံးခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု နှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပေ။

သပိတ်ကျင်းမြို့တွင် စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းစခတ(၂)အပါအဝင် စစ်ကောင်စီတပ်ရင်းသုံးခု၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ခန့် ရှိသည့် စခန်းများကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးရုံးကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခြင်းဟု သိရသည်။

တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး ၇၀ ကျော် ၊Y-12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်၍ Mi-35 နှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

မန္တလေးတိုင်းတွင် စဉ့်ကူး၊ မိုးကုတ်နှင့် တကောင်းမြို့များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူထားသည်။

စဉ့်ကူးမြို့ကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)က ဇူလိုင်လ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးတိုင်းတွင် တော်လှန်ရေးအင်အားစုမှ ပထမဆုံးသိမ်းယူနိုင်ခဲ့သောမြို့ဖြစ်သည်။

ထို့နောက် မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်မဟာမိတ်များက ဇူလိုင် ၂၄ ရက်တွင်သိမ်းပိုက်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်အတွင်းမှ တကောင်းမြို့ကိုလည်း ဩဂုတ်လ ၁၂ ရက်တွင် အမှတ်(၁) စစ်ဒေသလက်အောက်မှ ကာကွယ်ရေးတပ်များကသိမ်းယူနိုင်ခဲ့သည်။

မန္တလေးတိုင်းအတွင်း လက်ရှိတွင် မတ္တရာမြို့မှ စစ်ကောင်စီစခန်းများနှင့် မန္တလေးတိုင်းနှင့် ထိစပ်နေသော ထီးချိုင့်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်နေကြသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...