ပွန်ချောင်း အမှတ်(၆)စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ ချောင်းရေမြင့်တက်လာတာကြောင့် စာသင်ကျောင်း ပိတ်ထားရ

ပွန်ချောင်း အမှတ်(၆)စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ ချောင်းရေမြင့်တက်လာတာကြောင့် စာသင်ကျောင်း ပိတ်ထားရ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ပွန်ချောင်း အမှတ်(၆) စစ်ရှောင်စခန်းစာသင်ကျောင်းမှာ ချောင်းရေ မြင့်တက်လာတာကြောင့် စာသင်ကျောင်း ပိတ်ထားလိုက်ရတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ချောင်းဘေးမှာဖွင့်ထားတဲ့ စာသင်ကျောင်းရဲ့ အခန်းတွေထဲထိ ရေဝင်လာတာကြောင့် ကျောင်းပိတ်ထားလိုက်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့ ထွန်းမြန်မာဒိုနေးရှင်း အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ပွန်ချောင်းဘေးမှာဖွင့်ထားတဲ့ ကျောင်းတော်တော်များများ‌တော့ ပိတ်ကုန်ပြီ ။ ချောင်းရေမြင့်တက်မှု တော်တော်များတယ်။ တချို့ကျောင်းတွေကျတော့ ဟိုဖက်ကမ်း ဒီဖက်ကမ်း ဖောင် နဲ့ကူးရတာရှိတယ် ကြိုးဆွဲပြီးတော့ ဖောင်ကူးရတယ်။ အဲ့ကြိုးဆွဲပြီးတော့ ဖောင်ဆွဲတဲ့ ကြိုးတွေတောင်မှ အကုန်မြုပ်ကုန်တယ်”လို့ ထွန်းမြန်မာဒိုနေးရှင်း အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ကျောင်းပိတ်တာ တစ်ပတ်ကျော်ကြာနေပြီဖြစ်ပေမဲ့ လက်ရှိအချိန်ထိ ရေကျဆင်းလာမှုမရှိတာကြောင့် စာသင်ကျောင်းကို ပြန်လည်မဖွင့်လှစ်နိုင်သေးပါဘူး။

ချောင်းအနီးအနားမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းသာ ပိတ်ထားတာဖြစ်ပြီး ကျောင်းနဲ့ အလှမ်းဝေးပြီး ရေမတက်လာနိုင်သေးတဲ့ အခြား စာသင်ကျောင်းတွေကိုတော့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ အမှတ်(၆) စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီး စာသင်ကျောင်းကိုတော့ KG အတန်းကနေ Grade-10 ထိ ဖွင့်လှစ်ကာ ကျောင်းသားဦးရေ ၃၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...