စစ်ဘေးရှောင်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ ၂နှစ်ဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ရ

စစ်ဘေးရှောင်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ ၂နှစ်ဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ဘေးရှောင်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“အောက်ခြေအပင်ရင်းမှာ ပုတ်ကုန်တယ်။ ပြီးမှ အရွက်တွေကြွေပြီး သေကုန်တယ်ပေါ့။ ဟိုးအောက်အပင်စည်မှာ ဖြစ်တာပေါ့။ ဆွဲနုတ််ကြည့်လိုက်ရင် သူ့ရဲ့ရေသောက်မြှစ်က မရှိတော့ဘူး။ အကောင်တခုခု ကိုက်ဖြတ်ထားသလိုမျိုး ဖြစ်တယ်။ ရေသောက်မြှစ်က ပါမလာတော့ဘူး။ ဆွဲနုတ်ကြည့်လိုက်ရင်” လို့ စစ်ရှောင်ရင်း နှမ်းစိုက်ပျိုးသူ စစ်ရှောင် ကော်မတီဝင်တစ်ဦးက အခုလို ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ စစ်ရှောင်ရင်း နှမ်းစိုက်ပျိုးနေကြသူတွေဟာ ၂ နှစ်ဆက်တိုက် အရှုံးတွေနဲ့ ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း စစ်ဘေးရှောင်အများစုက နှမ်းပင်ပျက်စီးမှုနဲ့ ကြုံတွေ့ရတာကြောင့် အရှုံးပေါ်ခဲ့ရပြီး စိုက်ပျိုးသူ အနည်းငယ်ကသာ ရိတ်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ဖြစ်တာကြောင့် တခြားဝင်ငွေရ အလုပ်အကိုင်မရှိတဲ့အတွက် လာမယ့်နှစ်တွေမှာ နှမ်းအထွက်တိုးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယခုနှစ်တွေမှာ ဆက်လက်စိုက်ပျိုးခဲ့ကြတယ်လို့ ပြောပါတယ်။

“အရှုံးပေါ်တယ် နှမ်းလုပ်တာ။ ပြီးခဲ့တဲ့ နှစ်ဆိုလည်း အကုန်လုံး အရှုံးပေါ်တယ်။ တချို့အိမ်တွေပဲ စားရတယ်။ အရင်းကုန်တာနဲ့ လက်ခတွေ ဘာတွေနဲ့ ပြန်တွက်လိုက်ရင် ဘာမှမကျန်ဘူး။ မလုပ်ဘူးဆိုလည်း ဒီတနှစ်ထပ်လုပ် ကြည့်မယ် ပိုကောင်းမလားပေါ့။ အဲ့လိုနဲ့ ကြိုးစားလုပ်ကြတာပေါ့။”လို့ အဆိုပါ ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

ယခုနှစ် နှမ်းစိုက်ပျိုးတာဟာ ပြီးခဲ့တဲ့နှစ်ထက် အနည်းငယ် သီးနှံထွက်နှုန်းပိုကောင်းနေပေမယ့် ဈေးကွက်အခြေအနေ ကို မသိရှိတာကြောင့် နှမ်းစိုက်တဲ့ စစ်ဘေးရှောင်တွေက ဈေးကောင်းမရရှိမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ အိမ်ခြေ ၇၀ ဝန်းကျင်သာရှိပြီး စစ်ဘေးရှောင်ရင်း နှမ်း တမျိုးတည်းကိုသာ စားဝတ်နေရေးအတွက် အားထားစိုက်ပျိုးနေရတာဖြစ်ပါတယ်။

မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...
June 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပြန်ဆုတ်ပြီးနောက်၊...
May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...