စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်ချီရောက်ရှိ

စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်ချီရောက်ရှိ

သျှမ်းမြောက် စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်နှင့်ချီရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၀) ရက်မှစတင်ပြီး "ဝ" သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ တပ်အင်အား ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ တန့်ယန်းမြို့ထဲသို့ အင်အားဖြည့်တင်းလာခဲ့သည်ဟု စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ‘ဝ’ တပ်ဖွဲ့က နေပြည်တော်မှာ စစ်ကောင်စီနဲ ညှိနှိုင်းပြီး တန့်ယန်းမြို့ထဲကိုဝင်လာတာပါ။ တန့်ယန်းမြို့ထဲကို အင်အား ၂,၀၀၀ ကျော် ရောက်နေပြီ။ မနေ့ နေ့ နဲ့ ညက အင်အားဖြည့်လာတာ။တန့်ယန်းကို သူတို့ ထိန်းချုပ်ထားတဲံသဘောပဲ” ဟု စစ်ရေးသတင်းမြစ်က ပြောသည်။

တန့်ယန်းမြို့သို့ အင်အားဖြည့်တင်းလာသည့် “ဝ”တပ်ဖွဲ့ USWA မှာ ထိုင်းနယ်စပ် အမှတ် (၁၇၁) စစ်ဒေသမှ အင်အား ၁,၅၀၀ ကျော်နှင့် တပ်မဟာ ၃၁၈ မှ အင်အား ၅၀၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ UWSA တပ်သားအချို့သည် လားရှိုးမြို့သို့ ဆက်လက်ချီတက်ပြီး အချို့သည် တန့်ယန်းမြို့တွင် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။ သို့သော် အသေးစိတ်ကို သျှမ်းသံတော်ဆင့် က ဆက်လက်မေးမြန်းနေသေးသည်။

လက်ရှိ သျှမ်းမြောက်ဒေသကို ‘ဝ’တပ်ဖွဲ့ USWAမှ ရုတ်တရက်အင်အားဖြည့်တင်းလာရသည့် အကြောင်းအရင်းအား မိုင်းရယ်၊ တန့်ယန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများ မကျရေးအတွက် စစ်ကူအနေဖြင့် လာရောက် ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။

ထို့အပြင် သျှမ်းမြောက်ဒေသမှာ တိုက်ပွဲဖော်ဆောင်သော MNDAA နှင့် TNLA ၏နောက်ကွယ်တွင် ‘ဝ’ တပ်ဖွဲ့ UWSA မှပါဝင်ပတ်သက်မှုရှိနေသည်ဆိုသည့် တရုတ်အစိုးရ၏ သံယယစိတ်အပေါ်  မရှိစေရန်အတွက် ပြသကြောင်း သူကဆက်ပြောသည်။

ပြီးခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း ဇန်နဝါရီလ ၅ ရက်တွင်လည်း ဟိုပန်မြို့နှင့် ပန်လုံမြို့ကို မြောက်ပိုင်း မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားစဉ် “ဝ”တပ်ဖွဲ့ USWA မှအင်အားဖြည့်တင်းပြီး အလံလွှင့်တင်ခဲ့ဖူးသည်။

ထို့နောက် ဇန်နဝါရီလ ၁၀ ရက်တွင် ဟိုပန်မြို့နှင့် ပန်လုံမြို့တို့ကို ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအဖြစ် လွှဲအပ်ပေးခဲ့ရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...