မွန်ပြည်နယ်က ဘဏ်တွေမှာ ငွေသားထုတ်ပေးမှုကန့်သတ်

မွန်ပြည်နယ်က ဘဏ်တွေမှာ ငွေသားထုတ်ပေးမှုကန့်သတ်

မွန်ပြည်နယ်အတွင်းက ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာပြီးနောက် ဘဏ်တွေ သတ် မှတ်ထားတဲ့အတိုင်း အကန့်အသတ်နဲ့သာ ငွေသားထုတ်ပေးနေတယ်လို့ ငွေထုတ်သူတွေနဲ့ စီးပွား ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နာမည်ကြီး လူသိများတဲ့ ပြည်တွင်းက ပုဂ္ဂလိကဘဏ် ၇ ခုကို စစ်ကောင်စီဘက်က အရေးယူပြီးနောက် ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာသလို ဘဏ်တွေအပေါ် ယုံကြည်မှုကျဆင်းပြီး ငွေလာပြန်မသွင်းတော့တဲ့သူတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

အခုအခြေအနေတွေကြောင့် ဘဏ်တွေမှာ ငွေလက်ကျန်နည်းပါးလာတာ၊ လုံခြုံရေးကြောင့် ငွေ သားသယ်ယူပို့ဆောင်ဖို့ ခက်ခဲလာတာ၊ သက်ဆိုင်ရာရုံးချုပ်ဘဏ်တွေကနေ ငွေသားပေးပို့မှု နည်း ပါးလာတဲ့အတွက် ငွေသားထုတ်ယူဖို့ အခက်အခဲရှိလာပါတယ်။

ဘဏ်တွေမှာ လက်ကျန်ငွေနည်းပါးလာတဲ့အတွက် ကျန်ရှိတဲ့ငွေအပေါ် မူတည်ပြီး တစ်ဦးလျှင် ကျပ် ၅ သိန်း ကနေ ၁၀ သိန်းအထိ ထုတ်ပေးနေသလို တချို့ဘဏ်တွေကတော့ သတ်မှတ်ထားတဲ့နှုန်းအတိုင်း ထုတ်ပေးတာတွေ ရှိနေတယ်လို့ ဘဏ်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ ဘဏ်တွေမှာ အကန့်အသတ်နဲ့ ငွေသားထုတ်ယူနေရတဲ့အတွက် လုပ်ငန်းတွေလည်ပတ်ဖို့ အခက်အခဲရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ငွေထုတ်ရခက်တယ်။ ခွဲပြီးတော့ ထုတ်ပေးပေမယ့် ဒီငွေသားက အခက်အခဲရှိတာပဲ။ တချို့က တော့ ငွေသားရမှ အဆင်ပြေတယ်လေ။ သူတို့ကိုဘဏ်နဲ့ ဥပမာပေါ့ ကိုယ်ကအဝယ်တစ်ခု လုပ်မယ်ဆိုရင်တော့ ဘဏ်နဲ့ပေးဖို့က တချို့တွေက ဘဏ်နဲ့အဆင်ပြေတာရှိသလို အများအားဖြင့်က တော့ ဘဏ်နဲ့အဆင်မပြေကြဘူး။ ဘဏ်နဲ့လက်ခံဖို့ကလေ အဲဒါသူတို့က ငွေသားပဲလက်ခံတဲ့အခါကျတော့ ကိုယ်ကဒီမှာက လိုသလောက် ထုတ်လို့မရရင်တော့ အခက်အခဲဖြစ်တာပေါ့။ ဒီအတိုင်းသွားရင်တော့ ဒုက္ခကများတာပေါ့လေ၊ အခက်အခဲလည်းများတာပဲ”လို့ ဆိုပါတယ်။

ပြည်တွင်းဘဏ်တွေဖြစ်တဲ့ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ဘဏ် ၇ ခုကို စစ်ကောင်စီက ဗဟိုဘဏ်ညွှန်ကြားချက်ထက် ကျော်လွန်ပြီး အိမ်ရာချေးငွေတွေ အများအပြားထုတ်ပေးမှု စွပ်စွဲ ချက်နဲ့ ဇူလိုင် ၁ ရက်နေ့မှာ အရေးယူခဲ့တာပါ။

ဘဏ် ၇ ခုအပေါ် စစ်ကောင်စီဘက်က ဒဏ်ငွေရိုက်အရေးယူမှုတွေ လုပ်ဆောင်ပြီးနောက် ပြည် တွင်းမှာ ငွေထုတ်ယူမှုတွေ များပြားလာပြီးနောက် ဘဏ်တွေဆက်လက်လည်ပတ်ဖို့ အခက်ကြုံနေရပြီလို့ ဘဏ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးက ဘဏ်တွေမှာ ငွေသားတွေ နည်းပါးလာတဲ့အတွက် ကျန်ရှိတဲ့ငွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးနေရတယ်လို့ ပြောပါတယ်။

“ဘဏ်မှာငွေကြေးမရှိလို့ ကျွန်တော်တို့မှာ ရှိရင်ရှိသလောက် ပေးထုတ်တယ်။ ငွေသား နည်းသွားတော့ တစ်ယောက်ကို ၅ သိန်း ၁၀ သိန်း အဲဒီလိုပေါ့။ ခွဲပေးရတာပေါ။ ငွေသားများရင်တော့ ရှိရင်ရှိသလောက်ပေါ့။ ၁၀၀ ဖြစ်ဖြစ် ၂၀၀ ဖြစ်ဖြစ် တစ်ခါတည်းထုတ်ပေးတယ်။ ငွေသားများတဲ့ အချိန် ကျရင် ပြန်ရမှာပေါ့။ ရှိရင်တော့ ရှိသလောက် ထုတ်ပေးတာပေါ့။ ကျွန်တော်တို့မှာ နည်းနေတယ်ဆိုတော့ အကုန်လုံးလည်း ထုတ်လို့ရအောင်ဆိုပြီးတော့ ချုပ်လိုက်တာ၊ ငွေကြေးနည်းသွားလို့”လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ ဘဏ်တွေအပေါ် စစ်ကောင်စီရဲ့ အရေးယူမှု နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေအလုံးအရင်းနဲ့ ငွေသားထုတ်ယူမှုတွေရှိလာရင် ဘဏ်တွေပြိုလဲလာနိုင်တယ်လို့ သ တိပေးထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...