မင်းတပ်မြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်

မင်းတပ်မြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လ ၁၀ ရက်နေ့မှာ  စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မီနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၆ လုံးခန့်ဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့ပေါ်က ခြေလျင်တပ်ရင်း – ၂၇၄ တပ်ရင်းကလည်း မင်းတပ်မြို့နှင့် ယောအစပ်က နေရာများကို ၁၂၀ မမ လက်နက် ကြီးဖြင့် ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ ခုရက်ပိုင်း စစ်ကောင်စီက ကင်းထောက်လေယာဉ် ဒရုန်းတွေနဲ့ ကင်းထောက်နေတဲ့အတွက် မြို့အနီးအနားက ပြည်သူများ စုဝေးမနေကြဖို့၊ ပွဲလမ်းသဘင်းတွေ မလုပ်ကြဖို့ သတိပေးလိုတယ်။ ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ် ” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

မြို့အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေမှုနှင့် ပတ်သက်၍ လတ်တလောမှာ အရပ်သား ပြည်သူများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်း မသိရသေးကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်က တိုက်နယ် ၃ ဘက်ရှိ ဥယျာဉ်ခြံတစ်နေရာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ပေါ် စစ်ခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား တိုးမြှင့်ချထားပြီး ခံစစ်အတွက် ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောာင်စီကင်းစင်ရေးကို စစ်ရေးရည်မှန်းချက်ချထားကြောင်း ချင်းညီနောင်တပ်ဖွဲ့များက ကြေညာထားသည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...
August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...