အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှု ၂၅ ရာခိုင်နှုန်းသာရှိဟု ဆို

အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှု ၂၅ ရာခိုင်နှုန်းသာရှိဟု ဆို

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှု ၂၅ ရာခိုင်နှုန်းသာရရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ “ပြည်သူ့အစိုးရ၏ လူသားစာနာအရေးကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုနှင့် မျှော်လင့်ချက်များ” အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ WHO အချက်အလက်ကို ကိုးကားပြီး ပြောဆိုထားတာဖြစ်ပါတယ်။

“ကျနော်တို့တတွေ ပြည်သူမှ ပြည်သူသို့နဲ့ ကြိုးစားပြီး ကာကွယ်ဆေးထိုးပေးနေခြင်းရှိပါတယ်။ ဒါ WHOတို့ ခုနလည်း ရေးထားတဲ့ စာတမ်းတွေလည်းရှိပါတယ်။

ကာကွယ်ဆေး ၂၅ ရာခိုင်နှုန်းပဲ ကာဗာဖြစ်တယ်။ အရင်က ၉၅ ရာခိုင်နှုန်း ကာကွယ်ဆေးရခဲ့တဲ့ ကျနော်တို့ နိုင်ငံ ကာကွယ်နိုင်ခဲ့တဲ့နိုင်ငံ ကိုဗစ်ကာလမှာတောင် ၈၀ ရာခိုင်နှုန်းထိ ကာကွယ်နိုင်ခဲ့တဲ့ နိုင်ငံ အခုဒီအဆင်အခြင်မဲ့တဲ့ ဒီအကြမ်းဖက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကာကွယ်ဆေး ရရှိမှုဟာ ထိုးနိုင်တဲ့ ကလေး အရေအတွက်ဟာ ၂၅ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့ဟာက ကျနော်တို့ ပြောတာမဟုတ်ပါဘူး၊ WHO Reportဖြစ်ပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။

အာဏာမသိမ်းခင်မှာ မြန်မာနိုင်ငံဟာ ကာကွယ်ဆေးထိုးနှံနိုင်မှု ၉၅ ရာခိုင်နှုန်းထိ ရရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကိုဗစ်ကာလမှာလည်း ၈၀ ရာခိုင်နှုန်းထိ ကာကွယ်ဆေးရနိုင်သေးတယ်လို့ ဆိုပါတယ်။

NUG ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကနေ ကာကွယ်ဆေးထိုးနှံပေးဖို့ အတွက် Pilot Project အနေနဲ့ဆောင်ရွက်နေတာရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်နေတဲ့ ကလေးငယ်လူဦးရေ ၄သန်းရှိနေတယ်လို့လည်း ဆိုထားပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်မှာ ကလေးငယ်ဦးရေ နှစ်‌ထောင်ကျော်ကို ထိုးပေးနိုင်ခဲ့တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဇောဝေစိုးက ပြောကြားသွားပါတယ်။

မြေပြင်မှာ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ကိုလည်း NUG က တောင်းဆိုထားပါတယ်။

“ကျနော်တို့တတွေ ပြည်သူတွေ မြေပြင်မှာ ခံစားနေကြတဲ့သူတွေကို ကျနော်တို့ စုစည်းညီညွတ်မှုအားနဲ့ ပြည်သူတွေဆီကို ကျန်းမာရေးစောင့်ရှောက်မှု ရောက်အောင် ပေးပါလို့ ကျနော်တို့ ခုချိန်မှာ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနဲ့ စုစည်းညီညွတ်စွာတောင်းဆိုပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုလိုအပ်လာနေပြီး ပုံမှန်ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ရှိကြောင်း နဲ့ ဆယ်သွယ်ကူညီမှု မရှိတဲ့အဖွဲ့အစည်းတွေလည်း လာရောက်ဆက်သွယ်မေးမြန်း ကူညီပေးဖို့ ဒေါက်တာဇော်ဝေစိုး က သတင်းစာရှင်းလင်းပွဲကနေတဆင့် တောင်းဆိုထားပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...