ကွန်ပျူတာနှင့် ဖုန်းများတွင် ကရင်စာကို အလွယ်တကူ အသုံးပြုနိုင်မည့် ကော်သူးလေ ယူနီကုဒ်စံစနစ် စတင်မိတ်ဆက်

ကွန်ပျူတာနှင့် ဖုန်းများတွင် ကရင်စာကို အလွယ်တကူ အသုံးပြုနိုင်မည့် ကော်သူးလေ ယူနီကုဒ်စံစနစ် စတင်မိတ်ဆက်

ကွန်ပျူတာနှင့် ဖုန်းများတွင် ကရင်ဘာသာကို အလွယ်တကူ ရေးသားအသုံးပြုနိုင်သည့် ကော်သူးလေ ယူနီကုဒ်စံစနစ်ကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အိုင်တီနည်းပညာအဖွဲ့က စတင်မိတ်ဆက်လိုက်သည်။

ကရင်အမျိုးသားများအကြား ကွန်ပျူနှင့် ဖုန်းများတွင် ကရင်စာပေကို ရေးသားအသုံးပြုရာတွင် စံစနစ် တစ်ခုဖြစ်စေရန် ရည်ရွယ်၍ ကေအဲန်ယူက ဦးဆောင်ပြီး ကရင်လူငယ်အိုင်တီနည်းပညာရှင် များက ရေးဆွဲ၊ တီထွင်အကောင်အထည်ဖော်ဆောင်လိုက်ခြင်းဖြစ်ကြောင်း ကော်သူးလေယူနီကုဒ်စံ စနစ်ဖြစ်ပေါ်လာရေး ဦးဆောင်သူတစ်ဦးဖြစ်သော စောဆာဒါးက ပြောသည်။

၎င်းက “ကျနော်တို့ရဲ့ ကရင့်ကံကြမ္မာကို ကျနော်တို့ကပဲ ဖန်တီးယူရမှာဖြစ်တယ်။ အဲဒါကြောင့် ကျနော် တို့ ရုံးလုပ်ငန်းမှာ ကရင်လူမျိုးအတွက် စံစနစ်တစ်ခုရှိဖို့လိုတယ်။ သို့သော်လည်း ကျနော်တို့မှာ တပြေး ထဲ အသုံးပြုတာမရှိသေးဘူး။ ကော်သူးလေက အစိုးရတစ်ရပ်အနေနဲ့ ဖော်ဆောင်ဖို့လိုအပ်တဲ့အတွက် ဒါကိုအကောင်အထည်ဖော်ဆောင်တာဖြစ်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကော်သူးလေယူနီကုဒ်စံစနစ်ကို ကွန်ပျူတာ (Window နှင့် Mac) နှင့် ဖုန်း (Android နှင့်  iOS) စနစ်တို့တွင် စတင်အသုံးပြု၍ ရနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် စကောကရင်ဘာသာ တစ်မျိုးတည်းသာ အသုံးပြုနိုင်သေးပြီး အရှေ့နှင့် အနောက်ပိုးကရင် ဘာသာဖြင့် အသုံးပြုနိုင်ရန်  ဆက်လက်လုပ် ဆောင်နေဆဲဖြစ်ကြောင်းလည်း စောဆာဒါးက ဆက်ပြောသည်။

ထို့အပြင် ယခုမိတ်ဆက်လိုက်သော ကော်သူးလေယူနီကုဒ်စံစနစ်ဖောင့်ကို ယခင်က ရှိနှင့်နေပြီးသား KNU Font ဒီဇိုင်းအမျိုးအစားကို အခြေခံ၍ရေးဆွဲထားခြင်းဖြစ်သည်။  

အသုံးပြုသူများ အလွယ်တကူအသုံးပြုနိုင်ရန် Window နှင့် Mac အတွက် စာရိုက်လက်ကွက် လေ့ကျင့်ခန်းများ စီစဉ်လုပ်ဆောင်ထားသလို ယူနီကုတ်စံစနစ်မဟုတ်သော Fonts များမှ စံစနစ်သို့ ပြောင်းလဲနိုင်ရန်အတွက် Converter များပါ ထည့်သွင်းရေးဆွဲထားသည်ဟု နည်းပညာရှင်အဖွဲ့ဝင် စောချစ်ရအောင်က ပြောသည်။

ယနေ့ ပြုလုပ်သည့် မိတ်ဆက်ပွဲအစီအစဉ်သို့ တက်ရောက်လာသော အိုင်တီပညာရှင် ကရင်လူငယ် စောအဲရိုးက “ ဒီကော်သူးလေ ယူနီကုဒ်က ပလက်ဖောင်းအားလုံးမှာ တက်ရောက်အသုံးပြုနိုင်ဖို့အတွက် ကို ရေးဆွဲနိုင်ခဲ့ပြီပေါ့နော်။ ကွန်ပျူတာမှာလည်း အသုံးပြုနိုင်ပြီး ဖုန်းနဲ့လည်း အသုံးပြုနိုင်ပြီဖြစ်တယ်။ iOS နဲ့ Android နှစ်ခုစလုံးမှာ အသုံးပြုလို့ရသလို Converter တွေပါလုပ်လို့ရတဲ့အတွက် တော်တော် လေးကို အဆင်ပြေပါတယ်။ အဲဒါကြောင့်မို့ အားလုံးကို သုံးကြည့်ခိုင်းစေချင်တယ်။” ကေအိုင်စီသို့ ပြောသည်။

ယခုကော်သူးယူနီကုဒ်စံစနစ်ကို အသုံးပြုရန်အတွက် unicode.kawthoolei.app တွင် ဒေါင်းလုန်းရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ကော်သူးယူနီကုဒ်စံစနစ် မိတ်ဆက်ခြင်းအစီအစဉ်တွင် ကော်သူးလေ အစိုးရ အသုံးပြုသွားမည့် Database အစီအစဉ်ကိုလည်း မိတ်ဆက်သွားခဲ့သည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...