ZRA-EC က စစ်မှုထမ်းရန်ဖမ်းသွားသော တုန်းဇန်ကျေးရွာက အသက်မပြည့်ကလေးငယ်များ ပြန်လည်လွတ်မြောက်လာ

ZRA-EC က စစ်မှုထမ်းရန်ဖမ်းသွားသော တုန်းဇန်ကျေးရွာက အသက်မပြည့်ကလေးငယ်များ ပြန်လည်လွတ်မြောက်လာ

Zomi Revolutionary Army -Eastern Command (ZRA-EC) က စစ်မူထမ်းရန် အတင်းအဓမ္မဖမ်းဆီးခဲ့သော တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသည့် ကလေး ၉ ဦးကို  ဇူလိုင်လ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက် ၁၃ နှစ်ဝန်းကျင်အရွယ်ခန့်ရှိကြသော ကလေး ၉ ယောက်ကို စစ်မှုထမ်းဆောင်ရန်ဟုဆိုကာ ZRA-EC က ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာ ရပ်မိ/ရပ်ဖများက သွားရောက်ညှိနှိုင်းကြရာမှာ ဇူလိုင်လ ၉ ရက်နေ့တွင်  ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံ တစ်ဦးက ပြောသည်။

“၆ ရက်နေ့က ဖမ်းထားတဲ့ အသက်မပြည် ကိုးယောက်ပေါ့ ဒီနေ့ ပြန်လွတ်ပြီ။ သူတို့ရွာမှာရှိတဲ့ ရွာခေါင်းဆောင်ပိုင်းတွေ သွားပြီးတော့မှ ZRA အဖွဲ့တွေနဲ့ တွေ့ပြီးတော့ ပြန်တောင်းတာ၊ သူတို့တော့ ရွာပြန်ရောက်ပြီ” ဟု တီးတိန်မြို့ ဒေသခံကပြောသည်။

ZRA-EC တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တုန်းကလည်း တုန်းဇန်ကျေးရွာက ဒေသခံပြည်သူများကို စစ်မူထမ်းရန်အတွက် မဲနှိုက်ခိုင်းခဲ့ပြီး အမျိုးသား (၂၀) ဦးက မဲပေါက်ကာ လက်ရှိတွင် ၎င်းတို့ကို ခေါ်ယူခြင်းမရှိသေးသော်လည်း ခေါ်ယူချိန်တွင် မလိုက်ပါက မိသားစုဝင်များ ကျေးရွာအတွင်း နေထိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

တီးတိန်မြို့မှ မိုင် (၂၀) ကျော်ခန့်ဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့မှ ယခုကဲ့သို့ စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မဲနှိုက်ရွေးချယ်မှုများပြုလုပ်နေသည့်အတွက် လူငယ်အရွယ်အမျိုးသားများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Most read this week

August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...