လွိုင်ကော်အရှေ့ခြမ်းမှာ ၅ နှစ်အောက် ကလေးငယ်တချို့ အရေပြားအနာ ဖြစ်ပွား

လွိုင်ကော်အရှေ့ခြမ်းမှာ ၅ နှစ်အောက် ကလေးငယ်တချို့ အရေပြားအနာ ဖြစ်ပွား

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ၅နှစ်အောက် ကလေးငယ်တွေ အရေးပြားယားယံပြီး အဖုပိတ်တွေ ထွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်မှာ စတင်ဖြစ်ပွားတာဖြစ်ပြီး ကလေးငယ်တွေမှာ ပိုမိုအဖြစ်များသလို လူကြီးပိုင်းတွေလည်း ဖြစ်ပွားတာရှိနေတယ်လို့ စစ်ရှောင်စခန်းကော်မတီဝင် တစ်ဦးက ပြောပါတယ်။

“ဖြစ်တာတော်တော်များတာ ကလေးပိုများတယ်။ လူကြီးက အဲ့လောက်မဟုတ်ဘူး။ ကလေးက အများဆုံးပဲ။ ကလေးဖြစ်တာ ၅ နှစ်အောက် ခပ်များများပေါ့” လို့စ စ်ရှောင်စခန်းရဲ့ ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ သိုလှောင်ထားတဲ့ မိုးရေ မသန့်ရှင်းတာကြောင့်အပြင် စစ်ရှောင်တွေရဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“အစောပိုင်း အဖုတက်ပြီးတော့မှ နောက်ဆုံးတော့ အပြင်ထွက်တာမျိုးပေါ့နော်။ ကွဲသွားတာမျိုးပေါ့နော်။ ဒါပေမယ့် အရည်ထွက်သွားတာ အဆီထွက်သွားတာ။ ဒါပေမယ့် သွေးထွက်တာလဲ မဟုတ်ဘူး။ တစ်ဖြေးဖြေးကျယ်လာတယ်။ အဲ့မျိုး တစ်ဖြေးဖြေးကျယ်ကျယ်သွားတာ ကူးတာလား မသိဘူး။” လို့ စစ်ရှောင်တစ်ဦး က ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာ အရေးပြားအနာဖြစ်ပွားမှုအပြင် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းက ဆေးခန်းမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် ရောဂါဖြစ်ပွားသူတွေ တိုးလာမှာကို စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...