တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းပြုကျင့်

တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းပြုကျင့်

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသ မွှောလ်ပီးကျေးရွာက အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မုဒိမ်းပြုကျင့်မှုတစ်ခု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကလေးမြို့မှ စစ်ကား ၆ စီးဖြင့် ချင်းတောင်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် စီးယင်းဒေသ မွှောလ်ပီးကျေးရွာသို့ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ရောက်ရှိလာကြပြီး ကျေးရွာထဲက အသက် ၁၃ နှစ်အရွယ်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သား ၂ ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု CDF CDM Siyin တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား ၂ ဦး သည် အဆိုပါ အမျိုးသမီးငယ်၏ နေအိမ်သို့ဝင်ရောက်ကာ မီးဖိုချောင်ထဲ၌ ထမင်းဟင်းချက်ရန်ပြင်နေသော မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု CDF CDM Siyin က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံပြည်သူများက စစ်ကြောင်းနှင့်သက်ဆိုင်သော စစ်ကောင်စီတာဝန်ရှိသူထံ သွားရောက်တိုင်တန်းခဲ့ကြရာမှာ ငွေကြေးဖြင့် ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

မွှောလ်ပီးကျေးရွာသို့ ရောက်ရှိနေသာ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာထဲက ကလေးအမေတစ်ဦးနှင့် အသက် ၁၃ နှစ်ခန့်အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ကြသည်ဟု CDF CDM Siyin ကထုတ်ပြန်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အပြင်းထန်ဆုံး ပြန်လည်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နစ်နာသူ အနာဂတ်လုံခြုံမှုမှအစ အစစအရာရာကို တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF CDM Siyin က ဖော်ပြပါသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က တီးတိန်မြို့နယ် စီးယင်းဒေသရှိ အာလွယ်ကျေးရွာက လင်သားရှိ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ ပြုကျင့်ခဲ့သည်။

August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...