သံတွဲ ၅၆၆ တပ်ရင်း၊ ငပလီ၊ မဇင်လေဆိပ်နှင့် မောင်တောမြို့ နခခ (၂) တို့ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

သံတွဲ ၅၆၆ တပ်ရင်း၊ ငပလီ၊ မဇင်လေဆိပ်နှင့် မောင်တောမြို့ နခခ (၂) တို့ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

စစ်ကောင်စီက တပ်ရင်း ၁၅ ရင်းခန့်ဖြင့် ခုခံတိုက်ခိုက်နေသည့်ကြားက အာရက္ခတပ်တော် (AA) သည် သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် သိမ်းပိုက်ရရှိခဲ့သည် ဟု ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အလားတူ သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်ကောင်စီ တပ်စွဲထားသော စခန်း အချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ခမရ (၅၆၆) အား လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် သံတွဲ၊ လေဆိပ် အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခဲ့သည်ဟု ဖော်ပြသည်။

အာရက္ခတပ်တော်သည် ရန်သူအင်အား (၁၀၀) ခန့်ဖြင့် ခုခံနေသောသုံးထပ်တိုက် နှင့် ၎င်းပတ်ဝန်းကျင် အနီးအနားမှ နေရာများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁) နာရီခန့်အချိန်တွင် သိမ်းပိုက်ခဲ့သည်။

ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ အင်အား (၄၀၀) ခန့်ဖြင် ခုခံစစ်ဆင်နွှဲနေသော နေရာများအားလုံးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ပွဲများအတွင် ရန်သူ စစ်ကောင်စီတပ်များအားလုံးကိုလည်း ချေမှုန်းနိုင်ခဲ့ပြီး  ၎င်းစစ်သားများမှာ တပ်မ (၁၀၁) ၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး အဆိုပါ တပ်ရင်းများ အားလုံးနီးပါးကို မိမိတို့မှ အပြတ်အသတ်ချေမှုန်းနိုင်ခဲ့သည်။

သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့အလောင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရ မိခဲ့ပြီး သိမ်းဆည်းရမိသည့် ရန်သူ့အလောင်းများအား အာရက္ခတပ်တော် မှကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း ဖော်ပြထားသည်။

သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) - လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါဝင်သည်။

အာရက္ခတပ်တော်မှ ဖမ်းဆီးရမိသော သုံ့ပန်းအချို့၏ ပြောကြားချက်အရ တပ်မ (၁၀၁) မှ တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေခဲ့သည်။

မိမိတို့မှလည်း ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံး နှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း မိမိတို့အတွက် ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်းဖြစ်ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။

မောင်တောဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ (၂) လေးမိုင်စခန်း၊ နခခ (၅) မြို့ သူကြီးစခန်းနှင့် အခြားသောစခန်းများကိုလည်း မိမိတို့မှ မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိရာ နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်တွင် ရန်သူ့အလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။

နခခ (၂) တွင် စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံတပ်ရင်းများ စုပေါင်းခုခံ တိုက်ခိုက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...