ဆမီးမြို့တွင် ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးများဝယ်စရာပင်မရှိဖြစ်နေ

ဆမီးမြို့တွင် ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးများဝယ်စရာပင်မရှိဖြစ်နေ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် ဒေသခံပြည်သူများ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းများပြားနေပြီး ငှက်ဖျားဆေးများ ဝယ်ယူရန်ပင်မရှိဖြစ်နေသည်ဟု သိရသည်။

ဆမီးမြို့ခံတဦးက “အသည်းအသန်တော့မဟုတ်ပေမယ့် ဖျားနေကြတဲ့သူတွေက များကြတဲ့သဘောပဲ၊ဖျားရင် ငှက်ဖျား ပိုးပဲတွေ့နေကြတယ်၊ ဆေးဝါးက မရှိဘူးလို့ပြောရမှာ၊ သွေးဖောက်တာပဲရှိတာ ဆေးကတော့ ရှာလို့ရတဲ့သူကရ မရတဲ့ သူက မရဖြစ်နေကြတာ၊ ကျွန်တော်တို့လည်း ဒီတိုင်းပဲနေကြရတာ၊ ကုန်ဈေးနှုန်းတွေကလည်း တက်တယ် တက်ဈေးနဲ့ ကိုတောင် ဝယ်ဖို့မရှိတာ။” ဟုပြောသည်။

ဆမီးမြို့ပေါ်နှင့် မီးချောင်းကျေးရွာတလျှောက်တွင် မိုးတွင်းကာလ ဖြစ်ပွားလေ့ရှိသည့် ငှက်ဖျားရောဂါများဖြစ်ပွား နေကာ ပြည်သူများအကြား ကူးစက်မှုနှုန်းများနေပြီး အသက်သေဆုံးသည်အထိ မရှိသေးသော်လည်း ဆေးဝါး အကူ အညီများ အရေးပေါ်လိုအပ်နေကြသည်ဟုသိရသည်။  

ဆမီးမြို့သည် ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ဖက်မှ ဝင်ရောက်လာသည့် ကုန်စည်၊ ဆေးဝါးများ၊ စားသောက်ကုန် ပစ္စည်းများကို အဓိကအားထားနေရသည့်ဒေသဖြစ်သည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် လိုင်လူငယ်အဖွဲ့အစည်း (ဗဟို) (Central Young Lai Association - CYLA) က မြန်မာနိုင်ငံဘက်ကို ဆေးဝါးများအပါအဝင်အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင် ထားသည့်အတွက် ဆေးဝါးများဝယ်ယူရန်ပင်မရှိဖြစ်နေသည်ဟုသိရသည်။

လက်ရှိ ဆမီးမြို့ပေါ်တွင် ဓာတ်ဆီ တလီတာ (၁၈၀၀၀) ကျပ်ထိရှိနေပြီး ဝယ်ယူရန်ပင်မရှိတော့သည်အထိ ဖြစ်လာ သည့်အပြင် အကိုက်ခဲပျောက်ဆေးဝါးများ ဝယ်ယူရန်ပင် ခက်ခဲမှုကြုံတွေ့နေကြရ သည်ဟု ဆမီးမြို့ ခံကပြောသည်။

“ဆန်လေးရှိတော့ အဲ့တာပဲ ရှာကြံပြီးတော့ ထိုင်စားနေကြရတာ၊ အသားငါးခက်တယ်၊ဟင်းသီးဟင်းရွက် လည်း မိုးတွင်းဆိုတော့ ရေကလည်းကြီးတော့ အသွားအလာလည်း သိပ်အဆင်မပြေတော့ အခက်ခဲရှိတယ်တယ်၊ အခုလော လောဆယ် ဝင်တာကိုမရှိသေးတာ၊ ကျွန်တော်တို့ဆီမှာက အိန္ဒိယပြည်ဖက်က ပိတ်ရင် တခြားနေရာက ဝင်စရာမရှိ တော့ဘူး၊ ကြာလာရင်တော့ ဘာဖြစ်မလဲတော့မသိတော့ဘူး” ဟု၎င်းကပြောသည်။

April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...
April 9, 2026
အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ...
April 8, 2026
လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏...