မူတြော်ခရိုင်တွင် တစ်လအတွင်း စစ်ကောင်စီလေကြောင်းမှ ဗုံး(၅၈၈)လုံးနှင့် ဒရုန်းဗုံးသီး (၇၂) လုံး ကြဲချခဲ့

မူတြော်ခရိုင်တွင် တစ်လအတွင်း စစ်ကောင်စီလေကြောင်းမှ ဗုံး(၅၈၈)လုံးနှင့် ဒရုန်းဗုံးသီး (၇၂) လုံး ကြဲချခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ လေကြောင်းမှ ဗုံးသီး(၅၈၈)လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး (၇၂)လုံး ကြဲ ချတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း မူတြော်ခရိုင်က ဇူလိုင်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မူတြော်ခရိုင်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီက လေကြောင်း နှင့်ဒရုန်း များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းအပါအဝင်၊ ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် လယ်ယာ၊ တောင်ယာများအပြင် စာသင်ကျောင်းနှင့် အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မူတြော်ခရိုင် သတင်းထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ကြားနှစ်ဖက်တိုက်ပွဲ စုစုပေါင်း (၁၂၂) ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက် မှ (၆၀)ဦးသေဆုံး၊ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (KNLA)ဘက်မှ (၂)ဦး ကျဆုံးကာ၊ (၃)ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်တွင် ဖော်ပြပါရှိသည်။

KNU တပ်မဟာ(၅)/မူတြော်ခရိုင် ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက “တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နေရာကို စစ်ကောင်စီ တပ်တွေက ပြန်ရယူနိုင်ဖို့အတွက် ကြိုးစားနေတဲ့အတွက်ကြောင့် တိုက်ပွဲတွေက ပိုမိုပြင်းထန်နေတာဖြစ်တယ်။ ဒီဘက်ခြမ်းမှာရှိတဲ့ ခေါပုတ်စခန်းတွေကလည်း အပြင်တွေထွက်ပြီး လှုပ်ရှားနေတာ မရှိဘူး။ လေယာဉ်တွေကိုပဲ အားကိုးနေရတယ်။ အဲ့ဒါကြောင့် လေယာဉ်တွေကလည်း နေ့စဉ်နီး ပါးလာပစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မူတြော်ခရိုင်တွင် နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများအနေဖြင့် မိုးရာသီကာလအတွင်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း၊ အဆိုပါ စစ်ဘေးရှောင်များအတွက်အခြေခံစားသောက်ကုန် ပစ္စည်းများ အရေးပေါ်လို အပ်လျက်ရှိနေပြီး သွားလာရေးအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း ကေအဲန်ယူ မူတြော်ခရိုင်/တပ်မဟာ ၅ ထံမှ သိရသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...