သီပေါမြို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆန်ကို တိုကင်နံပါတ်ဖြင့် ဝယ်နေရ

သီပေါမြို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆန်ကို တိုကင်နံပါတ်ဖြင့် ဝယ်နေရ

သျှမ်းပြည် သီပေါမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ကာ ဆန်ကို တိုကင်နံပါတ်ဖြင့် ဝယ်ယူနေရကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၅ ရက်မှ စတင်၍ သီပေါမြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး မြို့အဝင်အထွက်များလည်း ပိတ်ထားသည့်အတွက်ကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ကာ ဆန်ကို တိုကင်နံပါတ်ယူ၍ ခွဲဝေရောင်းချ ပေးနေရကြောင်း သီပေါမြို့‌ဒေသခံများက ပြောသည်။

“ ဆန်တွေလည်း ဈေးတတ်သွားတယ်။ လမ်းတွေကလည်း ပိတ်သွားကုန်ပြီလေ။ ဟိုနေ့က ကြက်ဥသွားဝယ်တာတောင် မရှိတော့ဘူးတဲ့။ ဈေးတတ်သွားပေမဲ့ ဝယ်စရာ ဆန်တွေကလည်း မရှိတော့ဘူး၊ ခွဲပြီး ယူကြရတယ်။ အခုက ဈေးတွေလည်း အကုန်ပိတ်ပြီ။ ဆန်ဝယ်ဖို့တောင် တိုကင်နံပါတ် ယူပြီးတော့ ဝယ်နေရတဲ့ သဘောမျိုးပဲ”ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

သီပေါမြို့သို့ သွားလာနိုင်သည့် ပြည်ထောင်စုလမ်းမကြီး အဝင်အထွက် လမ်း၊ တံတားများ အားလုံး ဖျက်ဆီးခံထားရသည့်အပြင် မြို့အနီးတစ်ဝိုက်နှင့် ကျောက်မဲ၊ လားရှိုးမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရန် ရေကြောင်းတစ်ခုသာ ကျန်ရှိကြောင်း သီပေါမြို့‌ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

“သီပေါက အဝင်ထွက်လမ်းတွေ မရှိတော့ဘူး။ ရေလမ်းတစ်လမ်းပဲ ရှိတော့တယ်။ အခုက သီပေါကနေ ထွက်သွားဖို့တောင် မလွယ်တော့ဘူး။ လုံခြုံမှုအပြည့်နဲ့ နေသွားဖို့တော့ မလွယ်တော့ဘူး။ အိမ်ကိုထားပြီး ထွက်သွားမယ်ဆိုလည်း သူခိုး၊ ဓားပြတွေကို ကြောက်ရသေး တယ်။ အခုမြို့ကနေ တံတားကျိုးတဲ့ နေရာကိုသွားရင်တောင် ၅ သောင်းပေးနေရတယ်”ဟု သီပေါမြို့မှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် လက်ရှိတွင် ဆန်တစ်အိတ်ကို ၁ သိန်း ၂ သောင်းထိ မြှင့်တက်သွားပြီး တိုကင်နံပါတ်ဖြင့် ဝယ်ယူနေရကာ စားနပ်ရိက္ခာအတွက် ကုန်ပစ္စည်းအချို့လည်း ပြတ်လပ်နေပြီး အမျိုးသမီးများအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက် သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် စစ်ကောင်စီသည် စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း အဆမတန် ဈေးတင်ရောင်းချသည်ဟု ဆိုကာ နာမည်ကျော် City Mart အမှုဆောင် အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ စိန်ဂေဟာ အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်ဝင်း၊ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ Aeon Orange ဒါရိုက်တာ Mr-Kasamatsu Hiroshi တို့ကို ဖမ်းဆီး၍ တရားစွဲဆိုထားကြောင်း ထုတ်ပြန်ခဲ့သည်။

Most read this week

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...