စစ်တွေဒေသခံ ၄၀ ဦးထက်မနည်းကို AA နှင့်ဆက်စပ်၍ အမှုဖွင့်

စစ်တွေဒေသခံ ၄၀ ဦးထက်မနည်းကို AA နှင့်ဆက်စပ်၍ အမှုဖွင့်

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ‌ဒေသခံ ၄၀ ဦးထက်မနည်းကို အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုဉပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း DMG က စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်က မင်းဂံရပ်ကွက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ အကွက် ၅၊ ၈၊ ၉၊ ၁၀ တို့မှ ဒေသခံ ၂၀၀ ခန့်ကို မျက်နှာစည်းပြီး ဖမ်းဆီးသွားသည့်အထဲမှ ၄၀ ဦးခန့်ကို အမှုဖွင့်ထားခြင်းဖြစ်သည်။

“သူတို့ကို AA နဲ့ဆက်စပ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲလိုက်တာပါ။ တရားလိုကတော့ ဗိုလ်မှူးတစ်ယောက်လို့ သိရပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ ၎င်းတို့အား ဇူလိုင် ၁၁ ရက်တွင် ရုံးထုတ်စစ်ဆေးသွားမည်ဟု သိရကြောင်း သူကဆက်ပြောသည်။

မင်းဂံဒေသခံများကို ဖမ်းဆီးသွားပြီးနောက် စစ်တွေမြို့နယ်၊ ဓားပိုင်မွတ်ဆလင်ရွာနှင့် ခလရ (၂၀)၊ ရဲတပ်ရင်း(၁၂)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)တို့တွင် ထိန်းသိမ်းထားခဲ့ပြီး အများစုကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ပြန်လွတ်လာသူများတယ်။ လွှတ်ဖို့အတွက် ပိုက်ဆံပေးရတာ ရှိတယ်။ ခံဝန်နဲ့လွတ်လာတာလည်းရှိတယ်။ အခုလို ဒေသခံတွေကိုဖမ်းဆီးပြီး တရားစွဲဆိုနေတော့ ဒီမှာနေရတာ လုံခြုံမှုလုံးဝမရှိပါဘူး” ဟု မင်းဂံဒေသခံတစ်ဦးက ပြောသည်။

စစ်တွေဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားမည့်စိုးရိမ်ချက်ဖြင့် မြို့ကိုစွန့်ပြီး ဘေးလွတ်ရာသို့တိမ်းရှောင်နေကြသည်။

သို့သော်လည်း အခြေခံလူတန်းစားများမှာ ငွေကြေးမတတ်နိုင်မှု၊ လမ်းပိတ်ဆို့ထားမှု စသည့်အခက်အခဲများကြောင့် မြို့တွင်းပိတ်မိနေချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးငွေညှစ်ခြင်း၊ တရားစွဲဆိုခြင်းများကို ကြုံတွေ့နေကြရသည်။

“အပြစ်မရှိပေမဲ့ နေရတာကျောမလုံဘူး။ ညဆိုရင် ပိုပြီးကြောက်နေရတယ်။ ညအိပ်မဖြောင့်တဲ့ညတွေ အများကြီး။ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုက လုံးဝ မရှိတော့ဘူး” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မေလ ၂၉ ရက်ကလည်း စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၇၆ ဦး သတ်ဖြတ်ခံရသည်။

ဖမ်းဆီးသွားသည့်ထဲမှ တချို့ကို တရားစွဲထားပြီး တချို့မှာ ယနေ့အထိ အဆက်အသွယ်ဖြတ်နေကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းအပြင် စစ်တွေမြို့ပတ်ပတ်လည်ရှိ ကျေးရွာပေါင်း ၁၄ ရွာထက်မနည်းမှ ဒေသခံများကို မြို့ထဲသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပြီးနောက် ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိသည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် ဒကစ ဌာနချုပ်၊ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄) နှင့်အတူ အမှတ် (၁၂)၊ အမှတ် (၃၆) ရဲတပ်ရင်း တို့ရှိပြီး မြို့ပတ်ပတ်လည်တွင် စစ်ကောင်စီက မိုင်းထောင်ထားမှုများ ရှိနေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...