စစ်ကောင်စီဘက်ကတောင်းဆိုမှုကြောင့် (CI)စင်တာ အားလုံး အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကြေညာ

စစ်ကောင်စီဘက်ကတောင်းဆိုမှုကြောင့် (CI)စင်တာ အားလုံး အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကြေညာ

အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်းကြီးဌာနကကြေညာလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ကြေညာခဲ့ပြီး စီအိုင်စတင်အားလုံးကို လာမည့် ဇူလိုင် ၇ ရက်မှာ အပြီးပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ဟုတ်တယ်။ စီအိုင်စင်တာတွေက ပိတ်တော့မယ်။ ဒီတစ်ပတ်သောကြာနေ့အထိဘဲ ဖွင့်တော့မယ်။ ဘာလို့ဆို လာလုပ်တဲ့သူတွေလည်း သိပ်မရှိတော့လို့၊ မလုပ်ရသေးတဲ့သူတွေလည်း အမြန်သွားလုပ်ဖို့ ပြောချင်ပါတယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပတ်စပိုစ့်လုပ်ကိုင်ပေးနေသူ စိုင်းစိုင်းကပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစီအိုင်(CI)ကတ်ကို ထုတ်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်က မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းပြီး စီအိုင်စင်တာ (၈) နေရာဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ တောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင်စင်တာများအားလုံး အပြီးပိတ်သိမ်းရတော့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကြေညာကကြေညာထားသည်။

“အခုလိုပိတ်လိုက်တော့ လုပ်ချင်တဲ့သူတွေအတွက် လုပ်လို့မရတော့တာပေါ့။ သူတို့ပြန်ဖွင့်တဲ့အချိန်ကျမှဘဲ လုပ်လို့ရတော့မှာပေါ့” ဟု စိုင်းစိုင်ကထပ်လောင်းပြောသည်။

ထိုကြောင့် စီအိုင်အထောက်အထား မလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ စီအိုင်အထောက်အထားလုပ်ရန် Seven Eleven 7 ကောင်တာများတွင် မှတ်ပုံတင်စားရင်းသွင်းထားပြီးသူများ အမြန်သွားရောက်လုပ်ကိုင်ကြရန် မြန်မာလုပ်သားများအရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...