ကျောက်မဲ ‌လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၇ ဦးအထက် သေဆုံး

ကျောက်မဲ ‌လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၇ ဦးအထက် သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ရက်တည်း အရပ်သားထိခိုက်သေဆုံးသူ ၈ ဦးခန့်အထိ ရှိနေကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၇ ရက် ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီမှ လေ‌ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈)တွင် ၄ဦး၊ ရပ်ကွက် (၂)တွင် (၂)ဦး နှင့် ရပ်ကွက် (၁)တွင် တစ်ဦး စုစုပေါင်း‌ ထိခိုက်သေဆုံးမှု ၇ ဦးအထက် ရှိကြောင်း ကျောက်မဲဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက လေယာဥ်နဲ့ဗုံးကြဲတော့ သေတာ ၈ဦးတော့ ရှိတယ်။ သွားသယ်လို့ရတာ ၄ ဦးရှိတယ်။ ဒီနေ့ထိ လက်နက်ကြီးတွေနဲ့ပစ်တော့ ထွက်ဖို့ခက်တယ်။ တချို့နေရာလည်း ဝင်ထွက်လို့ မရသေးဘူး။ ဆွေမျိုးအချင်းချင်း ဟိုလူဒီလူ ဆုံးပြီလို့ပဲ ဖုန်းဆက်ပြောနိုင်တာ”ဟု ကျောက်မဲမြို့မှ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန်လ ၂၈ ရက်တွင်လည်း ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီ၏ လေယာဉ်များ ပျံဝဲပြီး လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့တွင် ယနေ့ ဇွန်လ ၂၈ ရက်အထိ ၄ ရက်အတွင်း ပြည်သူများနှင့် စစ်သား အပါအဝင် သေဆုံးသူ စုစုပေါင်း ၃၀ ကျော်အထိ ရှိလာကြောင်း သိရသည်။

သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်များမှ ပြည်သူများမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေပြီး နောင်ပိန်လေး၊ ခဲမွန်၊ နားပြိန်း၊ ခိုမုန်းနှင့် ဟဲကွီကျေးရွာ စသည့် ကျေးရွာများသို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...