ရခိုင်တွင် သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီ ပြင်ဆင်နေ

ရခိုင်တွင် သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီ ပြင်ဆင်နေ

ရခိုင်ပြည်အတွင်း မြို့နယ် (၉) ခုအထိ လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရန် အကြိုလှုပ်ရှားမှုကို စစ်တွေမြို့တွင် ဇွန် ၂၇ ရက်က ပြုလုပ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဦးဆောင်သောအဖွဲ့သည် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လူထုအသိပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူမှုအခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယခုနှစ် အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်။ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ အချက်အလက်များရရှိရန် လုပ်ဆောင်ရခြင်းဟု စစ်ကောင်စီက ဆိုသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန်အတွက် သန်းခေါင်စာရင်းကောက်ယူနိုင်ရန် လုပ်ဆောင်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်တွင် ပြောဆိုထားသည်။

ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ရခိုင်ပြည်မှာ စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားတာက ဂွနဲ့ မာန်အောင်လောက်ပဲ ရှိတော့တယ်။ ဒီမြို့နယ်နှစ်ခုနဲ့ သန်းခေါင်စာရင်းကို ကောက်ယူနိုင်ဖို့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ လက်ရှိစစ်ရေးကာလအတွင်း ရခိုင်ပြည်က မြို့နယ် ၉ ခုကို AA က သိမ်းပိုက်ထားပြီး မောင်တော၊ အမ်း၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။

လတ်တလောတွင် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့၌ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဂွ၊ မာန်အောင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။

ယင်းအခြေအနေတွင် စစ်ကောင်စီက ရခိုင်ဒေသတွင် ရွေးကောက်ပွဲအတွက် သန်ခေါင်းစာရင်းကောက်ယူရန် ပြင်ဆင်နေသော်လည်း ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ခြေမရှိဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

“စစ်ခေါင်းဆောင်က သူရဲ့ကျရှုံးနေမှုတွေကို အဆုံးသတ်ဖို့အတွက် ရွေးကောက်ပွဲပြုလုပ်ဖို့ အသည်းအသန်ကို ကြိုးပမ်းနေတာတွေ့ရတယ်။ နိုင်ငံတဝန်းလုံးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူတွေ ထွက်ပြေးနေကြရချိန်မှာ သန်းခေါင်စာရင်းကောက်ဖို့နဲ့ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

လက်ရှိကောက်ယူမည့် သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း နှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းစဉ် ၄ ရပ်ကို ၂၀၂၆ ခုနှစ်၊ မတ်လအထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်း နောက်ဆုံးကောက်ယူခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၂၄ ဒသမ ၈၂ သန်းနှင့် အမျိုးသမီး ၂၆ ဒသမ ၆၆ သန်း စုစုပေါင်းလူဦးရေ ၅၁.၄၉ သန်းရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...