တောဟိန်းတောင်ဗျူဟာကျသွားပြီးနောက် အမ်းမြို့ နပခအထိ တိုက်ပွဲများနီးကပ်လာသဖြင့် မြို့ခံအများအပြားတိမ်းရှောင်

တောဟိန်းတောင်ဗျူဟာကျသွားပြီးနောက် အမ်းမြို့ နပခအထိ တိုက်ပွဲများနီးကပ်လာသဖြင့် မြို့ခံအများအပြားတိမ်းရှောင်

တောဟိန်းတောင်ဗျူဟာကျသွားပြီးနောက် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးထိ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာသဖြင့် မြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သတင်းရရှိသည်။

အမ်းဒေသခံအမျိုးသားတစ်ဦးက “ ကြောင်ဖြူကွင်းကျေးရွာနားမှာဆိုရင် ဒီလ  ၂၆ ရက် လောက်ကတည်းက အာရက္ခတပ်တော်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ရင်းနဲ့ တိုက်ပွဲဖြစ်နေကြတာရှိတယ်။ မနေ့ကလည်းဖြစ်တယ်။ ကြောင်ဖြူကွင်းရွာဖက်ကို စစ်ကြောင်းတွေ မကြာမကြာထိုးတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့  ကြောင်ဖြူကွင်းနဲ့ နီးတယ်လေ” ဟု နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကြောင်ဖြူကွင်းကျေးရွာသည် အမ်းမြို့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တမိုင်ခွဲခန့် အကွာအဝေးတွင် တည်ရှိပြီး  စစ်ကောင်စီစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့ အကြား  ဇွန်လ ၂၆ရက်မှ စတင်ပြီး ကြောင်ဖြူကွင်းရွာ အနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

အမ်းမြို့ခံအမျိုးသမီးတစ်ဦးက “ လက်နက်ကြီးပစ်ခတ်သံတွေက အခုရက်ပိုင်း အတွင်းမှာ မြို့အနားထိ ကျယ်ကျယ်လောင်လောင်ကြားနေရတော့ မြို့ခံတွေက အရင်ကထက်ပိုပြီး ထွက်ပြေးကြတယ်။ သူ့နည်း သူ့ဟန်နဲ့ မြို့ထဲကနေ ထွက်ကြရတာပေါ့။  မြို့ထဲမှာ မလုံခြုံတော့သလို ခံစားနေရတယ်” ဟု ပြောသည်။

အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအနီးရှိ  မဲတောင် တောင်ကြောတလျှောက်ရှိ စစ်ကောင်စီ ကာကင်းများကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အသာစီးရထားကြောင်း စစ်ရေး သတင်းအရင်းမြစ်များအရ သိရသည်။

“ မဲတောင်မှာရှိတဲ့ ကာကင်းစခန်းက စစ်ကောင်စီတချို့ နောက်ဆုတ် ထွက်ပြေးသွားတာတွေရှိတယ်။ တပ်တော်ဖက်ကတော့ အသာရနေတယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲတွေက တော်တော်ပြင်းထန်နေတဲ့ အနေအထားမှာ ရှိနေပါတယ် ”ဟု ပြောသည်။

အမ်းမြို့နယ် အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးအထိ နီးကပ်လာပြီဖြစ်သဖြင့် စစ်ကောင်စီဖက်မှလည်း ကာကင်းများကို အများအပြား တိုးချဲ့ တည်ဆောက်ထားသလို  အင်အားအများအပြားကိုလည်း တိုးချဲ့ ချထားကြောင်း ဒေသခံများက ပြောသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...