ခမရ (၅၆၆)တပ်ရင်းမှ မိသားစုနှင့် အတူ တပ်သားတချို့ AA ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ (၅၅)ကို ပူးပေါင်းသွား

ခမရ (၅၆၆)တပ်ရင်းမှ မိသားစုနှင့် အတူ တပ်သားတချို့ AA ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ (၅၅)ကို ပူးပေါင်းသွား

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ခမရ(၅၆၆)တပ်ရင်းမှ မိသားစုနှင့်အတူ တပ်သားတချို့ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ(၅၅)သို့ ပူးပေါင်းသွားကြကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

၎င်းက "  ခမရ(၅၆၆)က  လက်နက်ချ အညံ့ခံလာတဲ့ သူတချို့ရှိတယ်။ မိသားစုဝင်တွေပါပါတယ်။ အကုန်လုံး မဟုတ်ဘူး။တချို့ကတော့ ခလရ(၅၅)ကိုပူးပေါင်းသွားကြတယ်။ အညံ့မခံအထဲမှာ ဗိုလ်အဆင့် အထက် ရာထူးကြီးတွေပါလား။ ဘယ်နှစ်ယောက်လဲဆိုတာ လက်ရှိအချိန်မှာ မသိရသေးဘူး" ဟုပြောသည်။

သံတွဲမြို့နယ်၊ ငပလီတပ်ရင်း ခမရ(၅၆၆)မှ စစ်‌‌ ကောင်စီတပ်သားတချို့ လက်နက်ချအညံ့ခံလာသဖြင့် ယနေ့ နေ့လယ်ပိုင်းမှစ၍ အာရက္ခတပ်တော်မှ ခမရ (၅၆၆)ကို ထိန်းချုပ်ထားပြီဟု ဆိုသည်။

“ ဒီကနေ့ ညနေ ၃နာရီခန့်မှာ  Y-12‌ လေယာဥ်နဲ့  လေယာဉ်ကွင်းအနီးတဝိုက်နဲ့ တပ်ရင်း ၅၆၆ တပ်တွင်းကိုရော တိုက်ပွဲ ဖြစ်နေတဲ့ နေရာအနီးတဝိုက်ကိုရော  စစ်ကောင်စီမှ  ဗုံးကြဲ တိုက်ခိုက်တယ်။  နေဗီတွေကလည်း အဲဒီနေရာ အနီးဝန်းကျင်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိနေပါတယ်” မြို့ခံတစ်ဦးက ပြောသည်။

ခလရ(၅၅)ပူးပေါင်းသွားသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ ရှင်းလင်းနေသဖြင့် တိုက်ပွဲမှာ ပြင်းထန်နေပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုများလည်း ရှိနေသည်ဟု သိရသည်။

ငပလီမြို့ခံအမျိုးသားတစ်ဦးက" ၃နာရီလောက်ကတည်းက Y-12နဲ့ရော ခလရ(၅၅)ကရော လေယာဉ်ကွင်းအနီးတစ်ဝိုက်နဲ့ ခမရ (၅၆၅)ကိုတောက်လျှောက်ပစ်နေတာ။ အထိအခိုက် မသိရသေးဘူး။ နေဗီကလည်းပစ်တယ် " ဟုပြောသည်။

အာရက္ခတပ်တော်မှ ခမရ(၅၆၆)နှင့်ခလရ(၅၅)တပ်ရင်း နှစ်ခုကို  လက်နက်ချ အညံ့ခံပြီး အလံဖြူ ထောင်ရန်နှင့် ပြန်တိုက်မည်လားဟု လော်စပီကာဖြင့် မေးမြန်းပြီးနောက် ယခုကဲ့သို့ (၅၆၆) တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ချို့မှာ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး အလံဖြူ ထောင်လာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...