ခမရ (၅၆၆)တပ်ရင်းမှ မိသားစုနှင့် အတူ တပ်သားတချို့ AA ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ (၅၅)ကို ပူးပေါင်းသွား

ခမရ (၅၆၆)တပ်ရင်းမှ မိသားစုနှင့် အတူ တပ်သားတချို့ AA ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ (၅၅)ကို ပူးပေါင်းသွား

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ခမရ(၅၆၆)တပ်ရင်းမှ မိသားစုနှင့်အတူ တပ်သားတချို့ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ(၅၅)သို့ ပူးပေါင်းသွားကြကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

၎င်းက "  ခမရ(၅၆၆)က  လက်နက်ချ အညံ့ခံလာတဲ့ သူတချို့ရှိတယ်။ မိသားစုဝင်တွေပါပါတယ်။ အကုန်လုံး မဟုတ်ဘူး။တချို့ကတော့ ခလရ(၅၅)ကိုပူးပေါင်းသွားကြတယ်။ အညံ့မခံအထဲမှာ ဗိုလ်အဆင့် အထက် ရာထူးကြီးတွေပါလား။ ဘယ်နှစ်ယောက်လဲဆိုတာ လက်ရှိအချိန်မှာ မသိရသေးဘူး" ဟုပြောသည်။

သံတွဲမြို့နယ်၊ ငပလီတပ်ရင်း ခမရ(၅၆၆)မှ စစ်‌‌ ကောင်စီတပ်သားတချို့ လက်နက်ချအညံ့ခံလာသဖြင့် ယနေ့ နေ့လယ်ပိုင်းမှစ၍ အာရက္ခတပ်တော်မှ ခမရ (၅၆၆)ကို ထိန်းချုပ်ထားပြီဟု ဆိုသည်။

“ ဒီကနေ့ ညနေ ၃နာရီခန့်မှာ  Y-12‌ လေယာဥ်နဲ့  လေယာဉ်ကွင်းအနီးတဝိုက်နဲ့ တပ်ရင်း ၅၆၆ တပ်တွင်းကိုရော တိုက်ပွဲ ဖြစ်နေတဲ့ နေရာအနီးတဝိုက်ကိုရော  စစ်ကောင်စီမှ  ဗုံးကြဲ တိုက်ခိုက်တယ်။  နေဗီတွေကလည်း အဲဒီနေရာ အနီးဝန်းကျင်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိနေပါတယ်” မြို့ခံတစ်ဦးက ပြောသည်။

ခလရ(၅၅)ပူးပေါင်းသွားသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ ရှင်းလင်းနေသဖြင့် တိုက်ပွဲမှာ ပြင်းထန်နေပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုများလည်း ရှိနေသည်ဟု သိရသည်။

ငပလီမြို့ခံအမျိုးသားတစ်ဦးက" ၃နာရီလောက်ကတည်းက Y-12နဲ့ရော ခလရ(၅၅)ကရော လေယာဉ်ကွင်းအနီးတစ်ဝိုက်နဲ့ ခမရ (၅၆၅)ကိုတောက်လျှောက်ပစ်နေတာ။ အထိအခိုက် မသိရသေးဘူး။ နေဗီကလည်းပစ်တယ် " ဟုပြောသည်။

အာရက္ခတပ်တော်မှ ခမရ(၅၆၆)နှင့်ခလရ(၅၅)တပ်ရင်း နှစ်ခုကို  လက်နက်ချ အညံ့ခံပြီး အလံဖြူ ထောင်ရန်နှင့် ပြန်တိုက်မည်လားဟု လော်စပီကာဖြင့် မေးမြန်းပြီးနောက် ယခုကဲ့သို့ (၅၆၆) တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ချို့မှာ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး အလံဖြူ ထောင်လာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...