စစ်တွေတွင် ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

စစ်တွေတွင် ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုလုပ်ရပ်များ ပိုမိုလုပ်လာ၍ ဒေသခံများမှာ လုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်ကြောက်လန့်စိတ်များဖြင့် နေထိုင်နေကြရသည်ဟု ပြောကြသည်။

စစ်ကောင်စီသည် ဧည့်စာရင်းအကြောင်းပြကာ မြို့ပေါ်ရပ်ကွက်များကို ဝင်ရောက်စစ်ဆေးပြီး အရပ်သားများအား ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေသည်။

ဇွန်လ ၁၆ ရက်က မင်းဂံရပ်ကွက်အတွင်းသို့ ဝင်ရောက်ပြီး အသက်မပြည့်သေးသည့် ကလေးငယ်၊ သက်ကြီးရွယ်အို အပါအဝင် အမျိုးသား၊ အမျိုးသမီး ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းခဲ့သည့် ရေချမ်းပြင်၊ အောင်တိုင်၊ ပလ္လင်ပြင်စသည့် ကျေးရွာသားများလည်း ပါဝင်နေသည်။

ဖမ်းဆီးခဲ့ရများထဲမှ ဒေသခံ ၅၀ ကျော်ကို နှစ်ရက်အကြာတွင် ပြတ်လွှတ်ပေးခဲ့သော်လည်း ကျန်ဒေသခံများမှာ ဇွန်လ ၂၁ ရက်ထိ ပြန်လွတ်လာခြင်း မရှိသေးပေ။

“စစ်တွေမြို့မှာနေရတာက ကိုယ့်အိမ်ထဲမှာကိုယ်နေလို့ မလုံခြုံတော့ဘူး။ ညဆိုရင် ပိုပြီးတော့ ကြောက်ရပါတယ်။ အိမ်ထောင်စု၊ မှတ်ပုံတင်တွေ ရှိရင်လည်း အဆင်မပြေဘူး။ ညအချိန်ဝင်လာလို့ လူကိုတွေ့တာနဲ့ တစ်ခါတည်း ဖမ်းဆီးသွားတယ်။ ကိုယ့်အိမ်ကို ဘယ်အချိန်လာမလဲဆိုပြီး အမြဲတမ်းကြောက်လန့်နေရပါတယ်” ဟု စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇွန်လ ၂၀ ရက်က စစ်တွေမြို့နယ်၊ သိန်းတန်နှင့် နာရီကန်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၄၀ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး၊ ဇွန်လ ၁၁ ရက်ကလည်း အမြင့်ကျွန်းကျေးရွာမှ စစ်ဘေးရှောင်ကြသည့် ကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီနေဗီမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ၂ ဦး သေဆုံးခဲ့ရသည်။

ရခိုင်က မြို့နယ် ၉ ခုထိ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ကာ အရပ်သားများအား ပစ်မှတ်ထားဒဏ်ခတ်မှုများ လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် မေလ ၂၉ ရက်က ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံ ၈၀ နီးပါး သေဆုံးခဲ့ရသည်။

ယခုလအစောပိုင်းက စစ်တွေမြို့နယ် ရေချမ်းပြင်၊ အောင်တိုင်၊ ပလ္လင်ပြင် စသည့်ကျေးရွာ ၁၂ ရွာမှ ဒေသခံများကို စစ်ကောင်စီက မြို့ပေါ်သို့ အတင်းအဓမ္မပြောင်းရွှေ့ခဲ့ပြီး စားဝတ်နေရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိပေ။

စစ်ကောင်စီသည် အရပ်သားများကို တစ်နေရာတည်း၌စုပြုံထားပြီး လူသားဒိုင်းအဖြစ်အသုံးပြုရန် ကြိုးပမ်းနေကြောင်း လူ့အခွင့်အရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။

“စစ်ကောင်စီက အခုလို ပြည်သူတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်၊ ဒီလိုလုပ်တာဟာ ဗျိုင်းဖြူရွာကနေအစ မင်းဂံမှာလည်းလုပ်လာတယ်။ ဒါဟာ ဂျနီဗာကွန်ဗေးရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြတ်ထွန်းက ပြောသည်။

စစ်တွေဒေသခံများမှာ တခြားနေရာသို့ရွှေ့ပြောင်းရန် အခက်အခဲများရှိနေ၍ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် အကြောက်တရားဖြင့် နေ့စဉ်ဖြတ်သန်းနေကြရသည်။

တစ်ဖက်တွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထား၍ မြို့ပေါ်တွင် စားနပ်ရိက္ခာ၊ ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကိုလည်း အလူးအလဲ ရင်ဆိုင်နေရကြရသည်။

“လက်ရှိမှာ စားဝတ်နေရေးက ဘယ်လိုမှအဆင်မပြေဘူး။ ပိုက်ဆံရှိရင်တောင် ဝယ်စားစရာမရှိတဲ့ အခြေအနေ” ဟု စစ်တွေမြို့ခံ အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

စစ်တွေမြို့မှ ဒေသခံအများအပြားမှာ တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ ဘေးလွတ်ရာ တိမ်းရှောင်နေကြသော်လည်း ကျန်ဒေသခံများမှာ သွားလာခွင့်ပိတ်ထားခြင်း၊ ငွေကြေးအခက်အခဲတို့ကြောင့် မြို့ပေါ်တွင်ပိတ်မိနေကြသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA) သည် မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်နေသည်။ ဒကစတည်ရှိရာ စစ်တွေမြို့မှာ လက်တလောတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...