စစ်ရေးပဋိပက္ခကြောင့် ရခိုင်တစ်ပြည်လုံးတွင် လျှပ်စစ်မီးပြတ်နေ

စစ်ရေးပဋိပက္ခကြောင့် ရခိုင်တစ်ပြည်လုံးတွင် လျှပ်စစ်မီးပြတ်နေ

ရခိုင်ပြည်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ ပြင်းထန်နေသော စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အားလုံးနီးပါးတွင် လျှပ်စစ်မီးပြတ်တောက်နေ၍ ဒေသခံများ၏ လူမှုစီးပွားဘဝတွင် ထိခိုက်နစ်နာမှုများ ရှိနေသည်။  

စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ မြို့နယ်များတွင် လုံးဝပြတ်တောက်နေပြီး အမ်း၊ ဂွ၊ ကျောက်ဖြူ မြို့နယ်တွင် မြို့တွင်း၌သာရပြီး ကျေးရွာများတွင် လျှပ်စစ်မီးပြတ်တောက်နေသည်။

“လျှပ်စစ်မီးပြတ်နေတော့ အကုန်လုံးခက်ခဲသွားတယ်။ အိမ်ရှင်မတွေဆို ချက်ပြုတ်ရတာကအစ ဒုက္ခဖြစ်နေရပြီ။ ညဆိုရင်လည်း မီးအလင်းနဲ့မနေရဘူး။ ဖယောင်းတိုင်တစ်ချောင်းကို ငွေတစ်ထောင်ကျပ်နီးပါးဖြစ်သွားပြီ” ဟု သံတွဲမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် AA ၏ မြို့သိမ်းတိုက်ပွဲများ စတင်ချိန်မှစပြီး လျှပ်စစ်မီးပြတ်သွားခဲ့ပြီး သံတွဲတွင် တိုက်ပွဲပြင်းထန်မှုနှင့်အတူ မေလတတိယပတ်မှစ၍ စစ်ကောင်စီက ဖြတ်တောက်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ဒေသအတွင်း တောင်ကုတ်၊ သံတွဲ မြို့နယ်များကို တောင်ကုတ်ပင်မဓာတ်အားခွဲစက်ရုံမှ ဖြန့်ဖြူးပေးထားပြီး ကျောက်ဖြူပင်မဓာတ်အားခွဲစက်ရုံမှ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ကို ဖြန့်ဖြူးပေးကာ အမ်းပင်မဓာတ်အားခွဲရုံမှ အမ်းမြို့နယ်ကို ဖြန့်ဖြူးပေးထားသည်။

စစ်တွေအပါအဝင် ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲစက်ရုံမှ ဖြန့်ဖြူးပေးထားခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများအတွင်း ဓာတ်အားခွဲစက်ရုံ ပျက်စီးသွား၍ ပြတ်တောက်နေခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဆန်စက်၊ ရေခဲစက် စသည့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် စက်ရုံကိုမှီခိုကာ ဝမ်းရေးဖြေရှင်းနေရသည့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

“အရင်က ဆန်စက်တွေမှာ ကုန်တင်ကုန်ချလုပ်နေတာ။ အခုစက်ရုံတွေပိတ်ထားတော့ အလုပ်တွေမရှိတော့သလို ထင်းမီးသွေးတွေလည်း ဝယ်သုံးနေရသုံးတော့ ငွေပိုကုန်လာတယ်။ ကုန်ဈေးနှုန်းလည်း မြင့်တက်နေတော့ ပိုပြီးခက်ခဲတယ်” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ရေးပြင်းထန်နေမှုကြောင့် ဒေသခံများမှာ လမ်းခရီးပိတ်ဆို့ခံရမှု၊ ဖုန်း/အင်တာနက်လိုင်းဖြတ်တောက်ခံရမှု၊ လျှက်စစ်မီးပြတ်နေမှုကြောင့် ဒေသတွင်းလူမှုစီးပွားရေးတွင် နစ်နာနေကြရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...