တရုတ်ကိုယ်စားလှယ်နှင့် နေပြည်တော်တွင်ဆွေးနွေးမှု ရှမ်းမြောက်နှင့် ရခိုင်အရေးပါနိုင်

တရုတ်ကိုယ်စားလှယ်နှင့် နေပြည်တော်တွင်ဆွေးနွေးမှု ရှမ်းမြောက်နှင့် ရခိုင်အရေးပါနိုင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

မစ္စတာတိန့်ရှီးကျွင်းနှင့် စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များလည်း ပါဝင်ကြောင်း ထုတ်ပြန်သည်။

ဆွေးနွေးမှုများထဲ ရှမ်းမြောက်နှင့် ရခိုင်ဒေသအရေးများလည်း ပါဝင်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိ အပစ်ရပ်ရှမ်းမြောက်ဒေသ TNLA နယ်မြေထဲ စစ်ကောင်စီနှင့် စစ်ရေးတင်းမာမှုရှိနေပြီး ရခိုင်တွင်လည်း တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်ထိ တိုက်ပွဲနယ်မြေကျယ်ပြန့်လာသည်။

တရုတ်ကြားဝင်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ဇန်နဝါရီလ ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်ခဲ့ကြသော်လည်း ယင်းစာချုပ်ကို စစ်ကောင်စီက အကြိမ်ကြိမ် ချိုးဖောက်လျက်ရှိသည်။

နောင်ချိုမြို့နယ်ရှိ TNLA စခန်းကို စစ်ကောင်စီက မေ ၁၈ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် TNLA တပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ခြင်းအပါဝင် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိခဲ့သည်။

ထို့အတူ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းအနီးတွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ကြသည်။

ကျောက်ဖြူတွင် တရုတ်၏ ရေနံနှင့်သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းများရှိနေသဖြင့် ၎င်းတို့ အကျိုးစီးပွားထိခိုက်မည်ကို စိုးရိမ်သဖြင့် တရုတ်က လာတွေ့ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ စီမံကိန်းများသို့ ယခုလဒုတိယအပတ်က တရုတ်သံရုံးမှ အရာရှိ ၈ ဦး သွားရောက် စစ်ဆေးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တရုတ်အထူးကိုယ်စားလှယ်သည် နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လက်ရှိ AA သည် ရခိုင်ပြည် မြောက်ပိုင်းဒေသ အားလုံးနီးပါးကို သိမ်းပိုက်ထားပြီး စီးပွားရေးအရ အရေးပါသည့် မောင်တော၊ သံတွဲနှင့် ကျောက်ဖြူမြို့ကိုပါ သိမ်းပိုက်ရန် ကြိုးစားနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...