AA ထိုးစစ် သံတွဲ စစ်ကောင်စီတပ်ရင်းနားထိ ရောက်ရှိလာ

AA ထိုးစစ် သံတွဲ စစ်ကောင်စီတပ်ရင်းနားထိ ရောက်ရှိလာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများမှာ သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများနှင့် နီးကပ်လာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့တွင် စစ်ကောင်စီက ခလရ ၅၅၊ ခမရ ၅၆၆ တပ်ရင်းများနှင့် အမတ ၃၇၅၊ အမတ ၃၄၆ အမြောက်တပ်တို့ကို အခြေစိုက်ထားသည်။

ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအများအပြားနှင့် မြို့နယ် ၉ ခုထိ သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလာနေခြင်းဖြစ်သည်။

“မနေ့က ခမရ ၅၆၆ တပ်ရင်းအနီးမှာ ပစ်ခတ်သံတွေ ကြားလာရတယ်။ စက်သေနတ်ပစ်သံတွေပါ ကြားရတယ်။ စစ်ကောင်စီက ငပလီမှာရှိတဲ့ တပ်တွေ ဝင်တိုက်ခံရမှာကို စိုးရိမ်တာကြောင့် ခံစစ်ကို သေချာပြင်ပြီးတော့ AA ရဲ့ ထိုးစစ်တွေကို ခုခံနေတာဖြစ်တယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့ ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ လကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

တိုက်ပွဲပြင်းထန်သည်နှင့်အမျှ စစ်ကောင်စီက အရပ်သားနေထိုင်ရာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူဦးရေ ၁၅၀ နီးပါးရှိလာနေသည်။

ငပလီမြို့အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ဂေါ့၊ မှိုဟင်းပြင်၊ ဆင်ခေါင်း စသည့်ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပစ်ခတ်မှု နေ့တိုင်းလိုလိုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ဆင်ခေါင်း၊ ကျောက်ဖြူကွင်းဖက်ကို လာပစ်သွားတာရှိတယ်။ ဘာတိုက်ပွဲမှ ဖြစ်တာမဟုတ်ဘဲနဲ့ အရပ်သားတွေရဲ့ အိုးအိမ်တွေကို လာပြီးဖျက်ဆီးနေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေမှာလည်းတိုးလာနေပြီး လက်ရှိ သံတွဲမြို့နယ်တွင်း တိမ်းရှောင်နေသူ ၄ သောင်းနီးပါးရှိကာ မြို့ခံ ၃ ပုံနှစ်ပုံပါဝင်သည်။

သံတွဲမြို့နယ်ကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသဖြင့် ကုန်ပစ္စည်းများပြတ်လပ်နေ၍ ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာအခက်အခဲကို ကြုံတွေ့နေကြရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...