ဒေသအုပ်ချုပ်ရေးတွင် သက်ဆိုင်ရာမျိုးနွယ်စုအလိုက် နေရာပေးထားကြောင်း AA ပြော

ဒေသအုပ်ချုပ်ရေးတွင် သက်ဆိုင်ရာမျိုးနွယ်စုအလိုက် နေရာပေးထားကြောင်း AA ပြော

အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသများ၌ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသအလိုက် မျိုးနွယ်စုများကို နေရာပေးထားကြောင်း AA က ပြောသည်။

ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်သူများနှင့်ပတ်သက်၍ မျိုးနွယ်စုရေးရာကော်မတီ ဖွဲ့စည်းထားပြီး ဒေသအလိုက် နေရာပေးထားကြောင်း ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

“မျိုးနွယ်စုဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ ပြောချင်တာက မွတ်ဆလင်နဲ့ တခြားမျိုးနွယ်စုတွေပါနေထိုင်တဲ့ ဒေသတွေ၊ တခြားဒေသတွေမှာ သက်ဆိုင်ရာအလိုက် ခန့်ထားတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသည့် ဒေသခံများကိုလည်း AA အနေဖြင့် လူမျိုးဘာသာမရွေး လူသားချင်းစာနာမှု အကူအညီများပေးထားကြောင်း ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးလုပ်ငန်းနှင့် တခြားကဏ္ဍအသီးသီးတွင် မျိုးနွယ်စုဝင်များကို AA က နေရာပေးထားသည်ဆိုသော်လည်း မြေပြင်တွင် ယင်းထက်လိုအပ်သေးကြောင်း ပြောဆိုမှုများ ရှိနေသည်။

သက်အမျိုးသားတစ်ဦးက “AA က လူသားချင်းစာနာမှု အကူအညီပေးတာတွေကို အများကြီးတွေ့ရတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းတွေမှာတော့ မျိုးနွယ်စုတွေကိုနေရာပေးတာ နည်းသေးတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်အသီးသီးမှ မြို၊ ခမီ၊ ဒိုင်းနက်၊ သက် လူမျိုးအပါအဝင် ရခိုင်ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြသည်။

တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဘူးသီးတောင်မြို့နယ်၊ အင်းကြင်းမြိုင် (နတလ)ကျေးရွာမှ ခမီလူမျိုး ၁၀၀ ခန့်မှာ မိုးရာသီဖြတ်သန်းရန် အကူအညီများ လိုအပ်နေကြောင်း ဆိုသည်။

“စားဝတ်နေရေးက တော်တော်လေးခက်ခဲပါတယ်။ AA တာဝန်ရှိသူတွေက ရွာကအလှူခံပေးတာနဲ့ စားနေရတယ်။ ရေရှည်အတွက် အဆင်မပြေနိုင်ဘူး။ အမိုးအကာမလုံခြုံဘူး။ ကုန်ဈေးနှုန်းက မြင့်တော့ တစ်ခုမှဝယ်မစားနိုင်ဘူး” ဟု ခမီအမျိုးသားတစ်ယောက်က ပြောသည်။

ULA/AA ၏ နိုင်ငံရေးရည်မှန်းချက်သည် မြန်မာနိုင်ငံထဲမှ ခွဲထွက်ခြင်း မဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် ကွန်ဖက်ဒရစ်လမ်းစဉ်ကို ဦးတည်ကြောင်း ပြောဆိုထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...