တနင်္သာရီတိုင်းတွင် တစ်လအတွင်း စစ်ဘေးရှောင် (၅၀,၀၀၀) ကျော် အထိတိုးလာ

တနင်္သာရီတိုင်းတွင် တစ်လအတွင်း စစ်ဘေးရှောင် (၅၀,၀၀၀) ကျော် အထိတိုးလာ

တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ များကြောင့် ပြီးခဲ့သည့် မေလတစ်လတာအတွင်း စစ်ဘေးတိမ်းရှောင် (၅၀,၀၀၀) ကျော် အထိရှိလာပြီး ဖြစ်ကြောင်း တနင်္သာရီ တိုင်းအခြေစိုက်သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ ယမန်နေ့ ဇွန်လ(၁၂) ရက်နေ့ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်မေလအတွင်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်မှ စခန်းသိမ်းတိုက်ပွဲများ ပိုမိုဖော် ဆောင်လာခြင်း ကြောင့် နှစ်ဖက်စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာခြင်းကြောင့် ဒေသခံ အရပ်သားများ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ စုစုပေါင်း (၅၈,၃၀၀) အထိရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်များအား အနီးကပ်ကူညီနေသူတစ်ဦးက “ပြီးခဲ့တဲ့လက စခန်းသိမ်းတိုက်ပွဲတွေဖြစ်တယ်။ စခန်း(၃)ခု လောက်ကို သိမ်းနိုင်တယ်။ သရက်ချောင်းနဲ့ ဘုတ်ပြင်းမြို့ နယ်က စခန်းသိမ်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီက စခန်းကို ပြန်ယူဖို့ ရွာတွေဘက်ကို စစ်ကြောင်းတွေပြန်ထိုးရင်း နေရပ်စွန့်ခွာတဲ့သူတွေ ပိုများလာတာဖြစ်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

မေလမတိုင်ခင်က နှစ်ဖက်တိုက်ပွဲကြောင့် ယခင်က စစ်ဘေးရှောင် (၅၄,၀၀၀) ခန့် ရှိရာမှ လက်ရှိတွင် (၅၈,၃၀၀) အထိ ရှိလာခြင်းကြောင့် စစ်ဘေးရှောင် (၄,၀၀၀) ကျော် ထပ်မံတိုးများလာခြင်းဖြစ်ပြီး အများစုမှာ ထားဝယ် အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်မှ ဒေသခံများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တွင်လည်း စစ်ကောင်စီဘက်က ဆန်၊ရိက္ခာ နှင့် ဆေးဝါးသယ် ယူခွင့်များ ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင်များ အကူအညီ ပိုမိုလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောဆိုဿည်။

ယခုနှစ် မေလအတွင်း အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး သရက်ချောင်းမြို့နယ်တွင် အများဆုံး ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှု နှင့် ကျေးရွာအတွင်းသို့ စစ်ကြောင်းဝင်ချိန် အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှုတို့ကြောင့် တစ်လအတွင်း ဆယ်ကျော်သက် လူငယ်သုံးဦး အပါအဝင် အရပ်သား ၂၀ ဦး အထိသေဆုံးခဲ့ရကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

သရက်ချောင်းမြို့နယ်ရှိ ပဲဒက်‌ကျေးရွာမှ စစ်ကောင်စီ၏ အမာခံ ပဲဒက်စ ခန်း၊ ကျောက်ဆည်ကျေးရွာမှ ပျူစောထီးစခန်း နှင့် တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် အစပ်ရှိ စစ်ကောင်စီ၏ (၁၀၂၀) စခန်းကုန်းတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြီးခဲ့သည့် မေလတွင် အသီးသီး ထုတ်ပြန်ထားကြသည်။

Most read this week

June 16, 2026
ကရင်အမျိုးသားတွေအပါအဝင် မျိုးချစ် ကရင်တော်လှန်ရေးသမားတွေအနေနဲ့ ကရင်ပြည် “ကော်သူးလေ”...
June 16, 2026
“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ...
Photo:KIC
June 16, 2026
ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏...
June 15, 2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင်...