ပိတ်မိနေသည့် ဂေါ့ကျေးရွာသား တစ်ထောင်ကျော်ကို AA ကယ်ထုတ်

ပိတ်မိနေသည့် ဂေါ့ကျေးရွာသား တစ်ထောင်ကျော်ကို AA ကယ်ထုတ်

သံတွဲမြို့နယ်၊ ဂေါ့ကျေးရွာအနီး တိုက်ပွဲများကြောင့် တစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် ကျေးရွာသားများကို အာရက္ခတပ်တော်(AA)က ဇွန်လ ၁၂ ရက်တွင် ကယ်ထုတ်နိုင်ခဲ့သည်။

ဂေါ့ကျေးရွာအနီးတွင် ဇွန်လ ၂ ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့ကြပြီး သံတွဲလေဆိပ်အနီး စပါးကြီးကျေးရွာထွက်ဝကနေ စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ကျေးရွာအတွင်း လူဦးရေ ၁,၀၀၀ ကျော် ပိတ်မိခဲ့ခြင်းဖြစ်သည်။

“ဂေါ့မှာပိတ်မိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ မနေ့ကတွေ့တယ်။ သူပြောတာကတော့ ရွာထဲမှာ ပိတ်မိနေတဲ့ လူဦးရေတစ်ထောင်ကျော်ကို အေအေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတာလို့ဆိုတယ်။ လောလောဆယ်တော့ လုံခြုံရေးကြောင့် သူတို့ရဲ့ဖုန်းတွေကို သိမ်းထားပေမယ့် မိသားစုတွေနဲ့ အဆက်အသွယ်လုပ်ခွင့်ပေးတယ်” ဟု လွတ်မြောက်လာသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဂေါ့တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု မရှိကြောင်းနှင့် ဂေါ့ကျေးရွာအနီးတဝိုက်ကို AA က ထိန်းချုပ်ထားကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။

သံတွဲအခြေစိုက် ခမရ(၅၆၆) တပ်ရင်းကို AA လာတိုက်မည်ကို စိုးရိမ်မှုရှိနေသဖြင့် ဗျူဟာမှူးကိုယ်တိုင်ကွပ်ကဲပြီး သံတွဲလေဆိပ်ဝင်းကနေ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၂ ရက်ကလည်း သံတွဲမြို့နယ်၊ ဂေါ့ကျေးရွာနှင့် မှိုဟင်းပြင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ခဲ့ကြပြီး စစ်ကောင်စီဖက်က လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က ညနေပိုင်း ၃ နာရီက ဂေါ့ဖက်က လက်နက်ငယ်ပစ်သံတွေကြားရတယ်။ ညနေပိုင်း ၆ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးတွေချသွားတယ်။ စစ်ကောင်စီက သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်း တွေ တိုက်ခိုက်ခံရမှာကို တော်တော်လေးကို စိုးရိမ်နေပြီးတော့ ဂေါ့ဖက်ကနေ အေအေ တိုက်ခိုက်မလာနိုင်အောင် အသေအလဲ ခုခံနေကြတာဖြစ်တယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲဒေသတိုက်ပွဲမှာ နှစ်လအထိ ကြာမြင့်လာနေသည်။ ရွှေလှေတိုက်နယ်နှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲများတွင် စစ်ကောင်စီဖက်က အတုံးအလဲရှုံးနိမ်ခဲ့ပြီး မြို့အနီးတပ်ရင်းထိ တပ်ဆုတ်ပေးခဲ့ရခြင်း ဖြစ်သည်။

သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အရပ်သားကျေးရွာများကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၅၀ ကျော် သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း ၅၀ ကျော်အထိ ရှိနေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...