လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်တွင် ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်

လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်တွင် ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်

ရခိုင်ပြည်သို့ ကုန်စည်တင်ပို့သည့် အဓိကလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ဒေသအတွင်း ဆေးဝါးများပြတ်လပ်ကာ ဈေးနှုန်းအဆမတန် မြင့်တက်နေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် ဒေသခံများထံမှ သိရသည်။

လမ်းခရီးအခက်အခဲကြောင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုများရှိနေပြီး လက်ကျန်ဆေးများမှာလည်း ဈေးနှုန်းအဆမတန် မြင့်တက်နေသည်။ မြို့ပေါ်ဆေးဆိုင်များတွင် လူအသုံးများသည့် သွေးတိုးကျဆေး၊ ပါရာကဒ်၊ ဘိုင်အိုဂျက်၊ ဆီထရိန်း၊ အင်နာဗွန်-စီ၊ ဆီချိုဆေးများမှာ ပြတ်လပ်နေကြောင်း ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

ကျောက်တော်မြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက “အင်နာဗွန်-စီ တစ်လုံးကိုတောင် ၃,၀၀၀ ကျပ်နဲ့ ရောင်းနေရတယ်။ အရင်ကဆို ၅၀၀ လောက်ပဲရှိတာ။ လမ်းတွေပိတ်ထားတော့ ဆေးတွေကရှာမရဘူး။ အိန္ဒိယလမ်းကိုပဲ အဓိက အားထားပြီးတော့ ဆေးတွေ မှာရောင်းနေရတယ်” ဟု ပြောသည်။

တိုက်ပွဲမဖြစ်ခင်က သွေးတိုးကျဆေးတစ်ကဒ်ကို ငွေကျပ် ၁,၅၀၀၊ အင်နာဗွန်-စီ တစ်လုံးကို ငွေကျပ် ၅၀၀၊ ပါရာတစ်ကဒ်ကို ငွေကျပ် ၅၀၀၊ ဘိုင်အိုဂျက်ဆစ် တစ်ကဒ်ကို ငွေကျပ် ၇၀၀ ရှိခဲ့သည်။

လက်ရှိတွင် သွေးတိုးကျဆေး တစ်ကဒ်ကို ငွေကျပ် ၅,၅၀၀၊ အင်နာဗွန်-စီ တစ်လုံးကို ငွေကျပ် ၃,၀၀၀၊ ပါရာတစ်ကဒ်ကို ငွေကျပ် ၂,၀၀၀ နှင့် ဘိုင်အိုဂျက်ဆစ် တစ်ကဒ်ကို ငွေကျပ် ၃,၀၀၀ အထိ ဈေးနှုန်းရှိနေသည်။

မင်းပြားမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဈေးတက်တာကတော့ လမ်းခရီးအခက်ခဲတွေကြောင့်ပါ။ ဉပမာ ကျောက်တော်မှာ ဆေးတစ်လုံးကို ၁,၀၀၀ ကျပ်ဆိုရင် ကျမတို့ မင်းပြားကိုရောက်ရင် ၃,၀၀၀ ကျပ် ဖြစ်သွားပြီ။ ဓာတ်ဆီဈေးနှုန်းတွေက မကျသေးတော့ ရောင်းရတဲ့သူတွေအတွက်လည်း အခက်အခဲရှိသလို ဝယ်သူတွေလည်း အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့  ဆေးတွေကလည်း ရှာမရဘူး” ဟု ပြောသည်။

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုမှာ ၆ လကျော်အထိကြာမြင့်လာပြီး ရခိုင်ဒေသခံများမှာ စားနပ်ရိက္ခာ၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပြတ်လပ်မှုဒဏ်ကို ခံစားနေရသည်။

အိန္ဒိယဘက်မှ ပလက်ဝမြို့နယ်သို့ ကုန်ပစ္စည်းတင်သွင်းနေမှုကိုလည်း ဧပြီလ ဒုတိယအပတ်မှစ၍ အကန့်သတ်မဲ့ ပိတ်ပင်လိုက်မှုကြောင့် ရခိုင်တွင် ကုန်ပစ္စည်း တဖြည်းဖြည်း ပြတ်လပ်လာနေသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ကြား ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီကန့်သတ်မှုကြောင့် NGO/INGO နှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများလည်း ရပ်တန့်နေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...