စစ်ရှိန်မြင့်လာသည့် သံတွဲတွင် ဒေသခံအလုံးအရင်း မြို့ကိုစွန့်ခွာ

စစ်ရှိန်မြင့်လာသည့် သံတွဲတွင် ဒေသခံအလုံးအရင်း မြို့ကိုစွန့်ခွာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား စစ်ရေးအရှိန်မြင့်တက်နေပြီး တိုက်ပွဲများမှာလည်း မြို့နှင့်နီးကပ်လာ၍ ဒေသခံအများအပြားမှာ မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြဟုသိရသည်။

သံတွဲမြို့နေလူဦးရေ ထက်ဝက်ခန့်မှာ မြို့ကိုစွန့်ခွာသွားပြီးဖြစ်ကာ အများစုမှာ ပြည်မဘက်သို့ တိမ်းရှောင်နေကြ၍ လေယာဉ်လက်မှတ်နှင့် ကားခဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။

“အထူးသဖြင့် ရန်ကုန်ဘက်ကို ထွက်ကြတာများတယ်။ နောက် တိုက်ပွဲမဖြစ်သေးတဲ့ ဂွဘက်ကို ပြောင်းသွားကြတဲ့ သူတွေလည်းရှိကြတယ်။ လေယာဉ်လက်မှတ်ဆိုရင် ဝယ်လို့တောင်မရနိုင်သေးတဲ့ အခြေအနေတွေမှာ ရှိတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သံတွဲ - ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်ကို ငွေကျပ် ၄၅၀,၀၀၀ အထိပေါက်ဈေးရှိနေပြီး ကားခမှာလည်း လူတစ်ဦးလျှင် ငွေကျပ် ၂၅၀,၀၀၀ ထိ မြင့်တက်နေသည်။

နေရပ်စွန့်ခွာသူအများစုမှာ ငွေကြေးတတ်နိုင်သူများဖြစ်ပြီး အခြေခံလက်လုပ်လက်စားများမှာ မြို့ပေါ်၌ ကျန်ရှိနေသေးကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က တိုက်ပွဲစတင်ခဲ့ပြီး တိုက်ပွဲအရှိန်မှာ တဖြည်းဖြည်းမြင့်တက်လာသည်။

“ ရွှေလှေတံတားအနီးက စစ်ကောင်စီစခန်းကိုတော့ AA က သိမ်းပိုက်လိုက်ပြီ။ မနေ့ကဆိုရင် သူဌေးဖက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြတာရှိတယ်” ဟု သံတွဲမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီ၏ လက်နက်ကြီး/ လေကြောင်းပစ်ခတ်မှုတို့ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်တိုးလာနေသည်။

ယမန်နေ့က ဘုရားမော်ကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။

“စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်လာတာကြောင့် တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်” ဟု အထက်ပါ သံတွဲဒေသခံက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများကို သတိထားကြရန်၊  တိုက်ပွဲဧရိယာနှင့်နီးစပ်သည့် ဒေသများတွင် ဗုံးခိုကျင်းကြိုတင်တူးကြရန်နှင့် တိုက်ပွဲကြား ပိတ်မိမသွားအောင် စစ်ပွဲအန္တရာယ်ဇုန်အတွင်းမှ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် အာရက္ခတပ်တော်(AA)က တိုက်တွန်းထားသည်။ 

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...