နိုင်ငံကူးလက်မှတ်လုပ်ဖို့ ထောက်ခံစာ ရယူရာမှာ ကရင်နီပြည်သူ/သားများအခက်တွေ့ နေ

နိုင်ငံကူးလက်မှတ်လုပ်ဖို့ ထောက်ခံစာ ရယူရာမှာ ကရင်နီပြည်သူ/သားများအခက်တွေ့ နေ

ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ်ရဲ့ ထောက်ခံစာ ရယူပြီး လုပ်ဆောင်နိုင်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ တကယ်တမ်း ထောက်ခံစာရဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်နေတဲ့ ကရင်နီပြည်ဒေသခံတွေ ပြောပါတယ်။

” ထောက်ခံစာက စုပေါင်းရုံး(တောင်ကြီး) သွားတော့ ထွေအုပ်ကို သွားခိုင်းတယ် ၊ ထွေအုပ်ကို သွားတော့ ရပခ( အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်) ကို သွားခိုင်းတယ် ၊ အဲ့ကို သွားတဲ့ အဲ့ဒီမှာ ရမရတော့ ကျနော်လည်း မသိဘူး တပ်ထဲ ဆိုတော့ မသွားရဲ လို့ မသွားတော့ဘူးလေ” လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။

၂/ (နှစ်မျဉ်းစောင်း) မှတ်ပုံတင် ကိုင်ဆောင်သူ (ကရင်နီဒေသခံ) တွေအနေနဲ့ ထောက်ခံစာရဖို့ အတွက် ခက်ခဲနေပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထောက်ခံစာရယူဖို့ သွားရောက်ခဲ့သူတချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ထောက်ခံစာ မရရှိခဲ့ဘူးလို့သိရပါတယ်။

နိုင်ငံကူးလက်မှတ်အတွက် ထောက်ခံစာရယူဖို့ခက်ခဲနေတာကြောင့် ထောက်ခံစာအတွက် ပွဲစားခ ကျပ် ၅ သောင်းကို သီးသန့်ပေးပြီးယူရတာမျိုးလည်း ရှိနေပါတယ်။

 ဒါပေမယ့် အဲဒီကနေတဆင့် ထောက်ခံစာရဖို့က ခိုင်လုံတဲ့ အာမခံချက်တော့ မရရှိဘူးလို့လည်း နိုင်ငံကူးလက်မှတ်ပြုလုပ်နေသူတချို့ထံကနေသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီက ၂/ မှတ်ပုံတင်ကိုင်ဆောင်သူ(ကရင်နီဒေသခံ)တွေကို တောင်ကြီးရုံးခွဲမှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံကူး လက်မှတ် ကို အွန်လိုင်းကနေ ရက်ချိန်းယူရတဲ့ QR စနစ် ဖြင့်တာ လက်ခံပြီး ကြိုတင်ငွေ ၃ သောင်းခွဲ ပေးသွင်း ရတယ်လို့ သိရပါတယ် ။

“ QR တင်တာက လွယ်တယ် ၊ ရက်ချိန်းလည်း မြန်တယ်။ ထောက်ခံစာမရတော့ ငွေအဆုံးပဲ ပြန်လည်းမအမ်းဘူး ။ ထုတ်လည်းမထုတ်ပေးဘူး” လို့ နိုင်ငံကူး လက်မှတ် ရရှိအောင် လုပ်ပေးနေတဲ့ ပွဲစားတစ်ယောက်က ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ရရှိဖို့ ကိုယ်တိုင်ပြုလုပ်သူတွေက ၄ လအထိ ကြာနိုင်ပြီး ပွဲစားကနေ အပြီးအစီး ကျပ်ငွေ ၂ သိန်းပေးကာ ပြုလုပ်စေပါက တစ်လအထိသာ ကြာမြင့်တယ်လို့ ကိုယ်တိုင်ပြုလုပ်နေသူတွေဆီကနေ သိရပါတယ်။

လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးလည်း ပိတ်ထားခဲ့ရပြီး ဒေသခံတွေနိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အခက်အခဲဖြစ်နေခဲ့ပါတယ်။

အခုလို ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးစီးပွားရေးပိုမိုကျပ်တည်းလာခဲ့တဲ့အတွက် လွိုင်ကော်ဒေသခံတွေဟာ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ နိုင်ငံကူးလက်မှတ်ပြုလုပ်လိုကြတာဖြစ်ပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...