တိုက်ပွဲပြင်းနေသည့် မောင်တောခရိုင်တွင် မွတ်ဆလင်လူဦးရေ သောင်းနှင့်ချီ နေရပ်စွန့်ခွာ

တိုက်ပွဲပြင်းနေသည့် မောင်တောခရိုင်တွင် မွတ်ဆလင်လူဦးရေ သောင်းနှင့်ချီ နေရပ်စွန့်ခွာ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည် မောင်တောခရိုင်တွင် ကျေးရွာပေါင်း ၂၀ ခန့်မှ  မွတ်ဆလင်လူဦးရေသောင်းနှင့်ချီမှာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။  

မေလ ၅ ရက်မှစပြီး မောင်တောမြို့နယ်မှ ပေါင်းဇား၊ လှဘော်ဇား၊ ပေါင်းဇား၊ ဂူးနား စသည့် မွတ်ဆလင် ကျေးရွာ ၁၀ ကျော်အပြင် ဘူးသီးတောင်မြို့နယ်မှ ကကျက်ဘက်၊ အလယ်ချောင်း၊ ဒုံးချောင်း၊ မြောင်းနား၊ ဘဂုံးနား စသည့် ကျေးရွာ ၁၀ ခန့်မှ ဒေသခံများမှာ ရွာအနီးတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး တိမ်းရှောင်နေကြခြင်းဖြစ်သည်။  

“ရွာအနီးအနားမှာ တိုက်ပွဲဖြစ်လာရင် ဘယ်လိုမှနေလို့မရတော့ဘူး။ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတယ်။ အဲဒါကြောင့် ကျေးရွာအတွင်းက ကလေးတွေ၊ သက်ကြီးပိုင်းပါအကုန်လုံး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။ ရွာမှာ အနည်းစုလောက်ပဲ ကျန်ခဲ့ကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောသည်။

လက်ရှိ တိမ်းရှောင်နေကြသည့် မွတ်ဆလင်ကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မွတ်ဆလင်များမှာ စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်မည်ကို စိုးရိမ်ခြင်း၊ AA ကလည်း တိမ်းရှောင်ကြရန် အကြောင်းကြားလာခြင်းတို့ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“AA ဘက်က ဒီသီတင်းပတ်အတွင်းမှာပဲ ရှောင်ခိုင်းတာပါ။ ကျေးရွာအနီးအနားတွေမှာ တိုက်ပွဲဖြစ်လာမယ်လို့ ပြောတယ်။ မြို့ပေါ်ကိုသွားရင်လည်း တိုက်ပွဲဖြစ်လာရင် ထွက်လို့ရမှာမဟုတ်ဘူး။ အဲဒါကြောင့် အကုန်လုံးကတော့ ကိုယ်အဆင်ပြေတဲ့ ဒေသတွေကို တိမ်းရှောင်နေကြတယ်” ဟု မွတ်ဆလင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် မောင်တောခရိုင်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေသူများမှာ ကူညီထောက်ပံ့မှုများ မရရှိသဖြင့် စားဝတ်နေရေး၊ ကျန်းမာရေး စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

“မွတ်ဆလင်ရော၊ ရခိုင်တွေပါ ဘယ်သူမှ မလုံခြုံပါဘူး။ စားသောက်နေထိုင်ရေးက တော်တော်လေးကို ခက်ခဲတယ်။ မောင်တောမှာက မွတ်ဆလင်တွေ ပိုများတယ်။ ဆိုတော့ ရေရှည်အတွက် ဘယ်လိုမှ စဉ်းစားလို့မရသေးတဲ့ အခြေအနေဖြစ်နေတယ်။ ဒီနေ့အသက်ရှင်အောင် ဘယ်လိုနေရမလဲဆိုပြီး စိုးရိမ်ပူပန်နေကြရတယ်” ဟု မောင်တောမြို့နယ်မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။  

လက်ရှိတွင် မောင်တောခရိုင်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA က အရှိန်မြင့်ထိုးစစ်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိတ်အနယ်ခုခုံနေသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်သည့် ရခိုင်စစ်ပွဲမှာ ၆ လနီးပါးထိကြာမြင့်လာပြီး လက်ရှိတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေမှာလည်း ၁၆၆,၀o၀ ကျော်ထိရှိလာနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...