ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၅၀၀ ကျော်ကို စစ်သင်တန်းပေးရန် ARSA၊ RSO အဖွဲ့က ဖမ်းဆီးသွား

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၅၀၀ ကျော်ကို စစ်သင်တန်းပေးရန် ARSA၊ RSO အဖွဲ့က ဖမ်းဆီးသွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၅၀၀ ကျော်ကို မွတ်ဆလင်လက်နက်ကိုင် ARSA၊ RSO အဖွဲ့များက ဧပြီ ၂၉ ရက်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကူတုပါလောင် အမှတ် ၁၊ ၆၊ ၁၈ နှင့် ၁၉ ဒုက္ခသည်စခန်းမှ မွတ်ဆလင်များကို စစ်သင်တန်းပေးရန်အတွက် အာရက္ခတပ်တော်(AA)အမည်ခံကာ ဖမ်းဆီးသွားခြင်းဟု ကူတုပါလောင်စခန်းမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

“ AA အတွက်ဆိုပြီး လူငယ်တွေကို ဖမ်းဆီးသွားတာ။ နေအိမ်တွေနဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးသွားတာ။ ဘယ်နေရာကို ခေါ်သွားလဲဆိုတာတော့ မသိရဘူး။ တချို့ဆိုရင် ငွေပေးပြီးတော့ ပြန်လွတ်လာတာရှိတယ်” ဟု သူက ပြောသည်။

ဒုက္ခသည်များကို ဖမ်းဆီးခေါ်ဆောင်နေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ယင်းလုပ်ရပ်များအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖြေရှင်းပေးသင့်ကြောင်း မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ ကျနော်တို့အနေနဲ့ ဒါတွေကိုကန့်ကွက်တယ်။ ရိုဟင်ဂျာ(မွတ်ဆလင်)အမည်ကို အလွှဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတွက် အလုပ်လုပ်နေတဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ ကျနော်တို့မလိုလားသလို ရိုဟင်ဂျာ (မွတ်ဆလင်)ကို ကိုယ်စားပြုအဖွဲ့အစည်းအဖြစ်လည်း အသိအမှတ်မပြုဘူး” ဟု သူက ပြောသည်။

အာရက္ခတပ်တော်(AA)ကလည်း  မွတ်ဆလင်လက်နက်ကိုင် ARSA, ARA, RSO အဖွဲ့များသည် AA အမည်ခံပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်များမှ မွတ်ဆလင်လူငယ်များကို စစ်ကောင်စီအတွက် စုဆောင်းပေးနေကြောင်း ပြောသည်။

AA ပြောခွင့်ရသူ ဦးခိုင်သုခက “လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် ခုတုံးလုပ်ကာ လိမ်လည်လှည့်ဖြားပြီး လူသစ်စုဆောင်းတာဟာ လွန်စွာယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ULA/AA အနေနဲ့ အဲဒီအဖွဲ့အစည်းတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်” ဟု မေလ ၈ ရက်က ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ မွတ်ဆလင်နှင့် မွတ်ဆလင်ဒုက္ခသည် ၂,၀၀၀ ကျော်ကို စစ်သင်တန်းပေးထားသည်။ သင်တန်းဆင်းများကို ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ကာ AA ထိုးစစ်ကို ခုခံလျက်ရှိသည်။

လက်ရှိ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီသည် စစ်သင်တန်းဆင်း မွတ်ဆလင်များအပြင် ARSA၊ ARA၊ RSO အဖွဲ့တို့နှင့်ပူးပေါင်းပြီး AA ကို ခုခံတိုက်ခိုက်နေသည်။

ပြီးခဲ့သည့် မေလ ၂ ရက်က ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင် လူရာနှင့်ချီ လက်နက်ချ အညံ့ခံခဲ့ကြသည့်အထဲတွင် မွတ်ဆလင်များလည်းပါဝင်နေသည် AA ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...