မောင်တော ကညင်ချောင်းစီးပွားရေးဇုန်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်

မောင်တော ကညင်ချောင်းစီးပွားရေးဇုန်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်

ရခိုင်ပြည်၊ မောင်တောမြို့အနီးရှိ ကညင်ချောင်းစီးပွားရေးဇုန်တွင် ယနေ့ မေလ ၈ ရက်၊ နံနက်ပိုင်းအချိန်မှစပြီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးပြီးမှ ပြန်ဝင်လာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကညင်ချောင်းဇုန်အတွင်း၌ နေထိုင်နေကြသည်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဲဒီကညင်ချောင်းစီးပွားရေးဇုန်မှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေနေတယ်လို့ သိရတယ်။ အဲဒီအထဲမှာ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေလည်းပါတယ်။ အဲဒါကို သတင်းရပြီးတော့ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ” ဟု သူကပြောသည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် နေရာတစ်ဝိုက်ကို စစ်ကောင်စီ၏ မြို့သူကြီး နခခ(၅)နှင့် နတ်မြစ်အတွင်းရှိ နေဗီများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“ တိုက်ပွဲဖြစ်တဲ့နေရာကို နခခ(၅)က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ နောက်ပြီးတော့ နေဗီတွေကလည်း ပစ်တယ်။ တိုက်ပွဲက တအားပြင်းနေတယ်”ဟု သူကပြောသည်။

မေလ ၇ ရက်ကလည်း ကညင်ချောင်းစီးပွားရေးဇုန်အနီးရှိ ကညင်တော၊ ပေါင်ဇား၊ လဘော်ဇားနှင့် သရက်အုပ် ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များမှာလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးအထိုင်စခန်း တည်ဆောက်ထားသည့် ကညင်ချောင်းစီးပွားရေးဇုန်သို့ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။

မောင်တောမြို့နယ်တစ်ခုကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် AA က အပြင်းအထန်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းပစ်ကူများဖြင့် ခုခံတိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှရှိနေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...