စစ်ရှိန်မြင့်နေသော ရခိုင်တွင် တစ်ပတ်အတွင်း အရပ်သား (၁၇) ဦး ထိခိုက်သေဆုံး

စစ်ရှိန်မြင့်နေသော ရခိုင်တွင် တစ်ပတ်အတွင်း အရပ်သား (၁၇) ဦး ထိခိုက်သေဆုံး

စစ်ရေးအရှိန်မြင့်တက်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ငယ်ပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် မေလ ၁ ရက်မှ ၇ ရက်ထိ အရပ်သားထိခိုက်သေဆုံးသူ (၁၇) ဦးရှိကြောင်း DMG စာရင်းအရ သိရသည်။

သေဆုံးသူများမှာ မောင်တောတွင် ၂ ဦး၊ အမ်းတွင် ၁ ဦး၊ မင်းပြားတွင် ၁ ဦးနှင့် ကျောက်တော်တွင် ၄ ဦးဖြစ်ပြီး ဒဏ်ရာရသူများမှာ ကျောက်တောတွင် ၂ ဦး၊ မင်းပြားတွင် ၁ ဦး၊ တောင်ကုတ်တွင် ၁ ဦး၊ အမ်းတွင် ၅ ဦး ဖြစ်သည်။

မောင်တောမြို့နယ်၊ အောင်ဇေယျရွာမှ အသက် (၅၀)ကျော်အရွယ် ဦးကျော်သိန်းမှာ မေလ ၄ ရက်က လေးမိုင်အခြေစိုက် နခခ (၂)တပ်ရင်းအနီးမှ ဖြတ်သွားစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

“သူက ‌စစ်ဘေးရှောင်တစ်ဦးဖြစ်တယ်။ လေးမိုင် မကျည်းကုန်းရွာမှာ စစ်ရှောင်နေတာ။ ဈေးဝယ်ပြီးအပြန် အဲဒီတပ်ရင်နားဖြတ်သွားချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် အာရက္ခတပ်တော်(AA)၏ အရှိန်မြှင့်ထိုးစစ်ဆင်မှုများကြောင့် တပ်စခန်း၊ တပ်ရင်းများအပြင် တပ်မဌာနချုပ်များကိုပါ ဆုံးရှုံးနေရသော စစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်နေသည်။

AA ထိန်းချုပ်ထားသောမြို့နယ်များကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ တိုက်ပွဲပြင်းထန်ဆဲဒေသများတွင် လေကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသည်။

DMG စာရင်းအရ ပြီးခဲ့သည့် ဧပြီလအတွင်း ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၈၅ ဦးထိရှိခဲ့သည်။

“စစ်ကောင်စီလုပ်နိုင်တာက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလောက်ပဲ ရှိတော့တယ်။ မြေပြင်တိုက်ခိုက်မှုက ရှုံးပဲရှုံးနေတာကိုး။ စစ်ရှုံးစစ်ကောင်စီက ဘာမှမဆင်ခြင်တော့ဘူး” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲမှာ ၅ လကျော်ထိကြာမြင့်လာပြီး လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်နေဆဲ ဖြစ်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...