မောင်တော ဝေသာလီကျေးရွာမီးရှို့ခံရမှု အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ် ၁၅ ဆောင်ပျက်စီး

မောင်တော ဝေသာလီကျေးရွာမီးရှို့ခံရမှု အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ် ၁၅ ဆောင်ပျက်စီး

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက ယနေ့နံနက် ၂ နာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့မှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦးသေဆုံးကာ နေအိမ် ၁၅ ဆောင် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

“နခခ(၅)က စစ်သားတွေနဲ့ မွတ်ဆလင်တွေ ပေါင်းပြီးတော့ မီးရှို့သွားတာ။ နောက်ပြီးတော့ ရွာက အမျိုးသမီးတစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရတယ်။ ပစ်ခတ်သံတွေလည်း တစ်ညလုံးကြားရတယ် ” ဟု မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ အသက် ၃၀ ကျော်အရွယ် မမေကြီးမ ဖြစ်ပြီး မီးရှို့နေစဉ် ကျေးရွာအတွင်းရှိနေ၍ စစ်ကောင်စီနှင့် အပေါင်းအပါများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဝေသာလီကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့်ရှိပြီး မောင်တောမြို့ ၄ မိုင်စခန်းကို AA က ထိုးစစ်ဆင်ကတည်းက ကျေးရွာသားများမှာ မြို့ပေါ်နှင့်အနီးအနားကျေးရွာများသို့ ထွက်ပြေးနေကြသည်။

မောင်တောဒေသခံတစ်ဦးက “ အဲဒီရွာက ၄ မိုင်နဲ့နီးတယ်။ ၄ မိုင်ကို AA က ထိုးစစ်ဆင်ကတည်းက ရွာသားတွေက ထွက်ပြေးနေရတာ။ ရွာမှာက လူသိပ်မရှိဘူး။ အခုလည်း ၄ မိုင်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်”ဟု ဆိုသည်။

မောင်တောဒေသတွင် စစ်ကောင်စီသည် မွတ်ဆလင်အချို့နှင့်ပူးပေါင်းပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာ လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေသည်။ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မဌာနချုပ်မှ လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် မွတ်ဆလင်များလည်း ရာနှင့်ချီပါဝင်သည်။

“စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်သလို မွတ်ဆလင်အချို့ကလည်း အလိုတူအလိုပါတွေရှိတယ်။ တချို့ကလည်း အတင်းပါရတာရှိတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီ ကင်းစင်သွားရင် မွတ်ဆလင်အရေးကတော့ AA က သေချာကိုင်တွယ်ရမယ့်ကိစ္စ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များအပါအဝင် ARSA, ARA, RSO လက်နက်ကိုင်အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ရုံးခန်းနှင့် ဆေးပေးခန်းအပါအဝင် နေအိမ် ၁,၅၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားဆဲမြို့နယ်ရှိ ဒေသခံများကို အဓမ္မစုဆောင်းပြီး စစ်သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...