မောင်တော ကျီးကန်းပြင်ဌာနချုပ်ကို AA သိမ်းပိုက်

မောင်တော ကျီးကန်းပြင်ဌာနချုပ်ကို AA သိမ်းပိုက်

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)ကို အာရက္ခတပ်တော် (AA)က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါဌာနချုပ်ကို မေလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး  သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက DMG သို့ ပြောသည်။

“အခုအထိတော့ ကျီးကန်းပြင်ဘက်မှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်နေတာ ရှိနေတုန်းပဲ။ ကျီးကန်းပြင်ကို သိမ်းပြီးနောက် အဲဒီမှာ ARSA တို့ ARA RSO အလောင်းတွေကိုလည်း တွေ့ရတယ်။ လက်နက်ချတဲ့ စစ်ကောင်စီ တပ်သားတချို့လည်းရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ကျီးကန်းပြင်ဌာနချုပ်ကို သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့် လက်နက်ချအညံ့ခံခဲ့ပြီး အချို့မှာ ထွက်ပြေးနေသူများရှိကြောင်းလည်း သိရသည်။

မောင်တောဒေသခံများ ပြောကြားချက်အရ ကျီးကန်းပြင်ဌာနချုပ်သည် မောင်တောမြို့နယ်မှ အကြီးဆုံး စခန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တိုက်ပွဲကာလအတွင်း အခြားစခန်းငယ်များမှ ပူးပေါင်းထားသည့် တပ်ဖွဲ့ဝင်အင်အား ထောင်ကဏန်းခန့်ရှိကာ ခံစစ်အခိုင်အမာပြုလုပ်ထားသည့်နေရာဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီ၏ လှဖိုးခေါင်စခန်းနှင့် ပြင်ဖြူစခန်းတို့ကိုလည်း AA က ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“မောင်တောမြို့အနေအထားက မြို့အပြင်မှာ တပ်တချို့ ရှိနေသေးတယ်။ ကျီးကန်းပြင်ကို AA က ဒရုန်းတွေနဲ့ ပိတ်ဆို့တိုက်ခိုက်ပြီး သိမ်းလိုက်တာပေါ့” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တွင် မြို့သူကြီးရပ်ကွက်ရှိ နခခ (၅) တပ်ရင်း၊ ၄ မိုင်ရှိ နခခ (၂)၊ မောင်တောတောင်ပိုင်း မောရဝတီ နခခ(၄)၊ အင်းဒင်ရှိ နခခ(၆)၊ နခခ(၅) စသည့် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် မောင်တောမြို့နယ်အတွင်း တပ်စခန်း၊ ဌာနချုပ်များ မကျဆုံးစေရေးအတွက် လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။

လက်ရှိတွင် AA က မောင်တော၊ ဘူးသီးတောင်၊ အမ်းမြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သံတွဲမြို့နယ်တွင်လည်း နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...