မောင်တောက စစ်ကောင်စီစခန်း ၂ ခုကို AA သိမ်းပိုက်

မောင်တောက စစ်ကောင်စီစခန်း ၂ ခုကို AA သိမ်းပိုက်

ရခိုင်ပြည်၊ မောင်တော - ဘူးသီးတောင် ကားလမ်းမရှိ စစ်ကောင်စီစခန်း ၂ ခုကို အာရက္ခတပ်တော်(AA) က ဧပြီလ ၃၀ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နှင့် ၇ မိုင်အကွာရှိ တာဝါတိုင် (မိုက်ခရိုတောင်) စခန်းနှင့် စေတီကုန်းစခန်းတို့ကို သိမ်းပိုက်ခဲ့ခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ မနေ့က အဲဒီစခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီ။ နောက်ထပ်စခန်း ၂ ခုကိုလည်း သိမ်းပိုက်လိုက်နိုင်တယ်လို့ သိရတယ်။ မောင်တောနဲ့ ဘူးသီးတောင်ဖက်မှာတော့ တိုက်ပွဲပြင်းထန်နေပါတယ်” ဟု သူကပြောသည်။

AA သိမ်းပိုက်ထားသည့် စခန်းအနီးသို့ စစ်ကောင်စီ ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ ကျီးကန်ပြင်ဌာနချုပ်၊ ဘူးသီးတောင် စကခ (၁၅)နှင့် လက်ကျန်တပ်ရင်း၊ ဗျူဟာများကို အပြီးသတ်သိမ်းပိုက်ရေးအတွက် AA က ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်လျက်ရှိသည်။

AA သည် ကျီးကန်ပြင်ဌာနချုပ်ကို ဧပြီလ ၂၇ ရက်မှစ၍ အနီးအနားရှိတောင်တန်းများကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပိတ်ဆို့တိုက်ခိုက်နေသည်။

ဘူးသီးတောင်မြို့နယ်တွင် စကခ (၁၅) လက်အောက်ခံ ခမရ ၅၅၂ နှင့် ၅၆၄ တပ်ရင်းများကို AA က အပြီးသတ် သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၆၅ အပါအဝင် ခြေလျင် တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ကို တိုက်ခိုက်နေသည်။

“မောင်တောနဲ့ ဘူးသီးတောင်ကို မိုးမကျခင် အပြတ်ဖြတ်ဖို့ကြိုးစားနေတဲ့ သဘောရှိတယ်”ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ ဧပြီလ ၂၆ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရအမိန့်ကို AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် AA တို့သည် မောင်တောခရိုင်အပြင် အမ်းနှင့် သံတွဲမြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေသည်။

တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...