စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် သံတွဲတွင် ဆေးဝါးပြတ်တောက်

စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် သံတွဲတွင် ဆေးဝါးပြတ်တောက်

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားမှုကြောင့် ဆေးဝါးများပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၄ ရက်မှစ၍ သံတွဲမြို့ အဝင်/အထွက်များကို စစ်ကောင်စီက တင်းကြပ်စွာပိတ်ဆို့ထားသဖြင့် ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်တောက်လာခြင်း ဖြစ်သည်။

“စစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့်ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်လိုက်တယ်။ အခု ဆေးတွေက ဝယ်လို့တောင်မရတော့တဲ့ အခြေအနေတွေ ဖြစ်နေပြီ။ လက်ကျန်ဆေးတွေလောက်ပဲ ဝယ်လို့ရတော့တယ်” ဟု သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆေးဝါးပြတ်လပ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးအိုရွယ်များ၊ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရသူများမှာ ပို၍အခက်အခဲဖြစ်နေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ဆေးဝါးများကို AA အား ထောက်ပံ့ပို့ဆောင်သည်ဟုဆိုကာ ပြည်မဘက်မှ သယ်ဆောင်လာသည့် ဆေးဝါးများကို သံတွဲလေဆိပ်တွင် စစ်ကောင်စီက သိမ်းဆည်းထားမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီက လမ်းခရီးများကို ပိတ်ဆို့ထား၍ ဆေးဝါးပြတ်လပ်မှုအပြင် ကုန်စည်စီးဆင်းမှု မရှိသဖြင့် အခြေခံစားကုန် ဈေးနှုန်းများလည်း မြင့်တက်နေ၍ ဒေသခံများမှာ အခက်အခဲဖြစ်နေကြသည်။

“လမ်းခရီးတွေ ပိတ်ထားတော့ ဆေးဝါးတွေလည်းပြတ်နေပြီ။ စားကုန်တွေကလည်း အရင်ဈေးထက် နှစ်ဆကျော် မြင့်တက်သွားတယ်။ ဆိုတော့ ဒေသခံတွေမှာ ကျန်းမာရေး၊ စားဝတ်နေရေး အကုန်လုံးအခက်အခဲဖြစ်တာပေါ့ ” ဟု သံတွဲ ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်အတွင်း ဧပြီလ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်များတွင် စစ်ကောင်စီက လုံခြုံရေးပို၍ တင်းကြပ်ကာ စစ်ဆေးရေးဂိတ်များ တိုးချဲ့ထားကြောင်း သံတွဲမြို့ခံများက ပြောသည်။

“သံတွဲမြို့အဝင်အထွက်တွေမှာ စစ်ကောင်စီက လုံခြုံရေးအများကြီးချပြီး ပိတ်ထားတယ်။ မဖြစ်မနေသွားရမယ် ဆိုရင် မှတ်ပုံတင်ပြပြီးမှ သွားရတယ်။ ဂိတ်နှစ်ဂိတ်လည်း တိုးချဲ့ထားတယ်။ အဲဒီနေရာတွေမှာ စစ်ကောင်စီက သင်တန်းပေးထားတဲ့ ပြည်သူ့စစ်သားတွေက တာဝန်ယူကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ရွှေလှေ၊ ပုရစ်၊ ရေကောက်၊ ဒေါ်မြကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ခန့်က သောင်းနှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...