၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လက်နက်ချသော စစ်ကောင်စီတပ်သားနှင့်အရာရှိ ခြောက်ထောင်ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လက်နက်ချသော စစ်ကောင်စီတပ်သားနှင့်အရာရှိ ခြောက်ထောင်ကျော်ရှိ

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သားနှင့် အရာရှိ ၆,၀၆၅ ဦးအထိရှိကြောင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၄,၀၀၀ ခန့်၊ ရခိုင်တွင် ၁,၁၀၁ ဦး၊ မွန်တွင် ၅၆၆ ဦး၊ ကရင်တွင် ၅၆၆ ဦး၊ ကချင်တွင် ၂၁၀ ဦးနှင့် ကရင်နီ(ကယား)တွင် ၇၆ ဦး၊ ချင်းတွင် ၆၆ ဦးအပြင် ပဲခူးတိုင်းတွင် ၆၆ ဦး တို့ဖြစ်သည်။

စစ်ဆင်ရေးကာလ(၃)လအတွင်း တင့်ကား (၈)စီး၊ သံချပ်ကာယာဉ် (၁၆)စီး၊ အတွဲလိုက်ဒုံးကျည်ပစ်ယာဉ် (၂)စီး၊ တာဝေးပစ်ဟောင်ဝစ်ဇာအမြောက် အပါအဝင် အမြောက်ကြီး (၂၀)ခုထက်မနည်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။

ယင်းအပြင် ကွတ်ခိုင်ဗျူဟာစခန်း၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၁၂၅ နှင့် ၂၈၉ ခြေလျင်တပ်ရင်းဌာနချုပ်များ၊ အမှတ် ၁၂၉ ခြေမြန်တပ်မဌာနချုပ်၊ လောက်ကိုင် (ဒစက) အပါအဝင် စစ်ကောင်စီ စခန်းကုန်းနှင့် စစ်ဌာနချုပ်ပေါင်း (၃၆)ခုကို စစ်ကောင်စီထံမှ သိမ်းပိုက်ခဲ့ကြောင်း  BNI က ဖော်ပြသည်။

BNI မှတ်တမ်းများအရ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ မြို့ပေါင်း ၅၂ မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်နှင့် ရခိုင်ဒေသတွင် မြို့ ၂၈ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ဆိုသည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးရခြင်း၊ နယ်မြေစိုးမိုးမှု ဆုံးရှုံးရခြင်းနှင့်အတူ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီး မြေပြင်တွင် စစ်ကောင်စီတပ်သားများ၏ တိုက်ခိုက်စွမ်းရည် ကျဆင်းနေမှုကို သိသိသာသာမြင်တွေ့ရကြောင်း BNI က သုံးသပ်ထားသည်။

စစ်ကောင်စီကတော့ ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသော မြို့များ၊ စစ်စခန်းများအပါအဝင် စစ်လက်နက်ပစ္စည်းများနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိ စစ်ဆင်ရေးစတင်ရာ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား အပစ်ရပ်ထားသော်လည်း တခြားပြည်နယ်နှင့် တိုင်းတို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...