ရခိုင်က ကျန်းမာရေးမကောင်းသူများ ဆေးကုသရန်ခက်ခဲလာ

ရခိုင်က ကျန်းမာရေးမကောင်းသူများ ဆေးကုသရန်ခက်ခဲလာ

ရခိုင်ပြည်အတွင်းက ကျန်းမာရေးမကောင်းသူများနှင့် ဆေးရုံ/ဆေးခန်းများ၌ ပုံမှန်ပြသနေရသူများမှာ တိုက်ပွဲကာလအတွင်း ဆေးဝါးပြတ်လပ်မှုအပါအဝင် လမ်းခရီးအဆင်မပြေမှုများကြောင့် အခက်တွေ့နေကြသည်။

တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထား၍ ဆေးဝါးများပြတ်လပ်နေပြီး ဆေးရုံ/ဆေးခန်းများမှာလည်း ပုံမှန်မလည်ပတ်နိုင် ဖြစ်နေသည်။

“တိုက်ပွဲဖြစ်ကတည်းက ဆေးခန်းသွားပြလို့ မရတော့ဘူး။ အရင်လကတော့ ကိုယ့်နည်းကိုယ်နဲ့ ဆေးမှာလို့ ရလိုက်သေးတယ်။ အခုက စစ်တွေမြို့ကိုလည်း အရင်ကထက် တင်းကြပ်လိုက်တော့ ဘယ်လိုမှ ဆေးမှာလို့ မရတော့ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့များ၌သာ ဆေးရုံများဖွင့်လှစ်ထားသည်။ သို့သော်လည်း ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းအများစုမှာ လုံခြုံရေးစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြ၍ ဆေးရုံ/ဆေးခန်းများမှာ ပုံမှန်မလည်ပတ်နိုင် ဖြစ်နေသည်။

ယင်းအပြင် ဖွင့်လှစ်ထားသည့် ဆေးရုံများကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် လူနာများမှာ လုံခြုံမှုရှိစွာဖြင့် ဆေးဝါးကုသခွင့်ရရှိရန် အခက်အခဲရှိနေကြသည်။

“အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေမှာဆိုရင်လည်း ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကျန်းမာရေးစောက်ရှောက်မှုတွေက လုံခြုံစိတ်ချစွာ မလုပ်နိုင်သေးဘူး” ဟု လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ကုသ၍မရနိုင်သည့် ရောဂါများအပါအဝင် တခြားကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုများအတွက် ရန်ကုန်သို့သွားပြီး ဆေးကုရန်လိုအပ်နေသူများလည်း ရှိနေသည်။ လက်ရှိတွင် လေကြောင်းတစ်ခုတည်းဖြင့်သာ ရန်ကုန်မြို့သို့ သွားရောက်နိုင်ပြီး စစ်တွေ၊ ကျောက်ဖြူ နှင့် သံတွဲ မြို့နေပြည်သူများသာ သွားရောက်နိုင်သည့် အခြေအနေဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖော်ဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသော မင်းပြားမြို့နယ်၊ မင်းဖူးတိုက်နယ်ဆေးရုံ။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...