မောင်တောခရိုင်တွင် ညမထွက်ရအမိန့် AA ထုတ်ပြန်

မောင်တောခရိုင်တွင် ညမထွက်ရအမိန့် AA ထုတ်ပြန်
မောင်တောင်မြို့ဝင်တစ်နေရာကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။
မောင်တောင်မြို့ဝင်တစ်နေရာကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။

ရခိုင်ပြည် ဘူးသီးတောင်နှင့် မောင်တောဒေသများ၌ ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရအမိန့်ကို အာရက္ခတပ်တော်(AA) က ယနေ့ ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်အတွင်း ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး အထူးသဖြင့် ဘူးသီးတောင်မြို့နယ်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၁၅) ကို အပြီးသတ်သိမ်းပိုက်ရေး ထိုးစစ်ကြောင့် တိုက်ပွဲပိုပြင်းထန်နေကြောင်း AA က ဆိုသည်။

တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ စစ်ရှုံးစစ်ကောင်စီသည် မွတ်ဆလင်များအား တိုက်ပွဲများတွင် အသုံးပြုနေပြီး မွတ်ဆလင်လင် အကြမ်းဖက်အဖွဲ့များအား လက်နက်တပ်ဆင်ပေးကာ ရခိုင်ပြည်အတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြောင်း AA က ထုတ်ပြန်သည်။

အခြားတစ်ဖက်တွင် မောင်တောခရိုင်အတွင်း မွတ်ဆလင်အကြမ်းဖက်အဖွဲ့များက တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ စစ်ကောင်စီနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စစ်သင်တန်းဆင်း မွတ်ဆလင်များမှသော်လည်းကောင်း AA ကို တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း ဆိုသည်။

ယင်းအပြင် မွတ်ဆလင်မဟုတ်သည့် အခြားသောပြည်သူများ၏ ပစ္စည်းဉစ္စာနေအိမ်များအား ဖောက်ထွင်းခိုးယူ မီးရှို့ဖျက်ဆီးခြင်း စသည့် ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အကြမ်းဖက်သောလုပ်ရပ်များ ဆက်တိုက်ပြုလုပ်လာသောကြောင့် AA က ညမထွက်ရအမိန့် ထုတ်ပြန်လာခြင်း ဖြစ်သည်။

ညမထွက်ရအမိန့်ကို ပြန်မရုတ်သိမ်းချိန်ထိ ပြည်သူများအနေဖြင့် အမိန့်လိုက်နာကြရန်နှင့် အကယ်၍ မဖြစ်မနေ သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာ ULA/AA အုပ်ချုပ်ရေးမှူးများထံ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြရန် AA က ညွှန်ကြားထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...