ဘူးသီးတောင်တွင် လူမျိုးရေးတင်းမာနေမှုအပေါ် ကုလစိုးရိမ်

ဘူးသီးတောင်တွင် လူမျိုးရေးတင်းမာနေမှုအပေါ် ကုလစိုးရိမ်
ဘူးသီးတောင်မြို့ရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရမှု။ ဓာတ်ပုံ- CJ
ဘူးသီးတောင်မြို့ရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရမှု။ ဓာတ်ပုံ- CJ

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်မှုများနှင့် လူမျိုးရေးတင်းမာမှုများ ဖြစ်ပေါ်နေမှုနှင့်အတူ အခြေအနေဆိုးရွားလာနေကြောင်း ကုလသမဂ္ဂက ဆိုသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(UNOCHA)၏ ဧပြီလ ၂၅ ထုတ် အစီရင်ခံစာတွင်  “ရခိုင်ပြည်ရဲ့ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေးတင်းမာမှုအပေါ် စိုးရိမ်စရာတွေ မြင့်တက်လာတာတွေနဲ့အတူ အခြေအနေတွေက ရုတ်ချည်းဆိုးရွားလာနေပါတယ်” ဟု ဆိုသည်။

လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်နေသည့် ဘူးသီးတောင်မြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ရုံးနှင့်ဆေးပေးခန်းတစ်ခု ဧပြီလ ၁၅ ရက်တွင် မီးရှို့ဖျက်ဆီးခံရကြောင်း UNOCHA က ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေ၍ မြို့နေပြည်သူ အများစုမှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။

“ဒေသခံအများစုက ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြတာ။ မြို့မှာကျန်ခဲ့တာဆိုလို့ စစ်ကောင်စီကိုထောက်ခံတဲ့ မွတ်ဆလင်အုပ်စုပဲရှိတယ်” ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များအပါအဝင် ARSA, ARA, RSO အဖွဲ့များက ရခိုင်နှင့်အခြားမျိုးနွယ်စုများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း AA က ထုတ်ပြန်ထားသည်။  

ယင်းအပြင် မွတ်ဆလင်များအား “AA ဆန့်ကျင်ဆန္ဒပြပွဲ”ပြုလုပ်ခိုင်းကာ ဒေသတွင်းမတည်ငြိမ်မှုများနှင့် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် စစ်ကောင်စီက ပုံစံအမျိုးမျိုးဖြင့် ဖန်တီးနေသည်ဟု AA က ပြောထားသည်။

စစ်ဘောင်ကျယ်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး မွတ်ဆလင်များအား အတင်းအကြပ်စုဆောင်းကာ စစ်မြေပြင်သို့ ပို့ဆောင်နေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...