အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးရပ်တန့်မှု ရခိုင်ဒေသထိ ရိုက်ခတ်

အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးရပ်တန့်မှု ရခိုင်ဒေသထိ ရိုက်ခတ်
ဓာတ်ပုံ - Ayeyarwaddy Times
ဓာတ်ပုံ - Ayeyarwaddy Times

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်သို့ ကုန်ပစ္စည်းများတင်သွင်းနေမှုကို ဧပြီလ ဒုတိယအပတ်မှစ၍ အိန္ဒိယက အကန့်အသတ် ပိတ်ပင်လိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ လိုချက်ရှိသည့်အတွက် ပိတ်ထားခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။

“မိဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးရှောင်တွေမှာ အခြေခံစား‌သောက်ကုန် လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ရခိုင်ပြည်ဖက်ကို တင်သွင်းမှုရပ်လိုက်တာလို့ သိရတယ်။ နောက်ပြီး အိန္ဒိယရွေးကောက်ပွဲ လုံခြုံရေးအတွက်လို့လည်း ပြောကြတယ်” ဟု ပလက်ဝကုန်သည်တစ်ဦးက ဆိုသည်။

ပလက်ဝဒေသခံများပြောပြချက်အရ လောင်တလိုင်ခရိုင်မှ ကုန်ပစ္စည်းများကို ပလက်ဝ - မီဇိုရမ်ကားလမ်းပိုင်းမှ တစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ကုန်သွယ်ပြီး နယ်စပ်မှကုန်ပစ္စည်းများကို တစ်ရက်လျှင်  ဟွန်ဒါစက်လှေ အစီးရေ ၄၀ ကျော်ဖြင့် နေ့စဉ်သယ်ယူနေခြင်းဖြစ်သည်။

ရခိုင်ဒေသအတွက် လိုအပ်သော အခြေခံစားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပလက်ဝမြို့နယ်မှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေရသည်။ ပလက်ဝ - မီဇိုရမ်နယ်စပ်ကို မပိတ်ခင်က ကုန်ပစ္စည်းများ လိုအပ်သလောက်ရပြီး လက်ရှိတွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း ကျောက်တော်မြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

“အဲဒီလမ်းကို ပိတ်လိုက်တဲ့အတွက် နောက်ထပ်ကုန်တွေ မရတော့ဘူး။ အခုက ပလက်ဝအထက်ပိုင်းမှာ ကျန်နေတဲ့ ကုန်စည်တွေကိုပဲ ယူနေရတယ်။ တချို့လူတွေဆိုရင် ကိုယ်နည်းကိုယ်ဟန်နဲ့ ကုန်ပစ္စည်းတွေကို ခက်ခက်ခဲခဲ ယူနေတာတွေတော့ရှိတယ်” ဟု သူကပြောသည်။

တတိယအကြိမ် ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေးလမ်းများ ပိတ်ဆို့ထားခြင်းဖြစ်ပြီး အခြေခံစားကုန်အပြင် ဆေးဝါးများပါ ပြတ်လပ်နေသည်။

ထို့ကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် မြို့နယ်များမှ ဒေသခံများမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းနေသည့် ကုန်စည်များကို အဓိကအားထားနေကြရသည်။

ရခိုင်ပြည်တွင်း စားနပ်ရိက္ခာနှင့် လူသုံးကုန်များ ဖူလုံစေရေးအတွက် အာရက္ခတပ်တော်(AA) တာဝန်ရှိသူများက အိန္ဒိယအာဏာပိုင်များနှင့် ကုန်သွယ်ရေးအဆင်ပြေအောင် ညှိနှိုင်းနေကြောင်း သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...