နိုင်ငံတဝန်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ သန်းကျော်ထိရှိလာ

နိုင်ငံတဝန်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ သန်းကျော်ထိရှိလာ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်အထိ အာဏာသိမ်းကာလအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ၃,၀၁၉,၅၅၀ ဦးအထိရှိလာကြောင်း BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ သိရသည်။

ယခုနှစ် မတ်လ ၂၇ ရက်မှ ဧပြီလ ၉ ရက်ထိ နှစ်ပတ်ကျော်အတွင်း တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းမှ ၃,၈၀၀ ဦး၊ ရခိုင်ပြည်မှ ၂၀၀ ဦး၊ ချင်းပြည်နယ်မှ ၂၀၀ ဦး စုစုပေါင်း ဒေသခံ ၃၈,၄၀၀ ဦးခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BNI က ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေမှုအပြင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“စစ်တွေမှာ မလုံခြုံသလိုခံစားရလို့ ထွက်ပြေးလာတာ။ စစ်တွေမြို့မှာနေရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဘယ်နေ့ဘယ်အချိန် တိုက်ပွဲဖြစ်လာမလဲ မသိဘူး။ တရားဉပဒေစိုးမိုးမှုလည်း မရှိဘူး” ဟု ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် AA တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူဦးရေ ၁၅၇,၀၀၀ နီးပါးအထိ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA) က မတ်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း မြို့နယ် ၉ ခုကို AA က သိမ်းပိုက်ထားပြီး ရခိုင်တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က ပြောထားသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှ ဒေသခံများမှာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် အကူအညီများ လိုအပ်နေပြီး မိုးရာသီမတိုင်မီ အမိုးအကာအောက်သို့ ရောက်ရှိရန် အရေးတကြီးလိုအပ်နေသည်။

“ကူညီထောက်ပံ့တာတွေက မရှိသလောက်ပါပဲ။ အလုပ်လည်း မလုပ်ရဘူး။ ဒီကြားထဲ လေယာဉ်နဲ့လာပစ်မှာလည်း ကြောက်နေရတယ်။ ကျနော်တို့ကို အကူအညီတွေ ပေးဖို့တောင်းဆိုချင်ပါတယ်” ဟု ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီတပ်စခန်များကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ရေ၊ လေများဖြင့် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...