“စစ်ကောင်စီကို မဆန့်ကျင်တော့ပါကြောင်း” ခံဝန်လက်မှတ်ထိုးပြီးမှ မာန်အောင်က အိမ်ခြေ ၄၀၀ ခန့် ရွာတွင်နေထိုင်ခွင့်ရ

“စစ်ကောင်စီကို မဆန့်ကျင်တော့ပါကြောင်း” ခံဝန်လက်မှတ်ထိုးပြီးမှ မာန်အောင်က အိမ်ခြေ ၄၀၀ ခန့် ရွာတွင်နေထိုင်ခွင့်ရ

မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာရှိ စစ်ကောင်စီက နေရာပြောင်းရွှေ့ခိုင်းထားသော ငှက်ပျောတောနှင့် အနောက်ပါးရပ်ကွက်မှ အိမ်ခြေ ၄၀၀ ခန့်ကို လက်ရှိနေရာတွင် ပြန်လည်နေထိုင်ခွင့်ပေးလိုက်ကြောင်း သိရသည်။

ဧပြီ ၂၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရွာသို့ရောက်လာပြီး ‘စစ်ကောင်စီကို မဆန့်ကျင်တော့ပါကြောင်း’ ခံဝန်လက်မှတ် ရေးထိုးခိုင်းပြီးမှ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

“သူတို့ကို ‘နောက်မဆန့်ကျင်တော့ပါဘူး’ဆိုတဲ့ ကတိပေးပြီး လက်မှတ်ထိုးရတယ်။ နေထိုင်ခွင့်ရတယ်ဆိုပေမယ့် ကျနော်တို့ကတော့ အကြွင်းမဲ့မယုံရဲသေးဘူး” ဟု သစ်ပုံရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က သစ်ပုံကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ရောက်လာပြီး အာရက္ခတပ်တော် (AA) ကို ကူညီထောက်ပံ့နေသည်ဟုဆိုကာ အိမ်ခြေ ၄၀၀ ခန့်ကို သစ်ပုံကျေးရွာ၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပန်းခြံရွာနှင့် ဖက်ယာကျေးရွာသို့ ပြောင်းရွှေ့ပေးရမည်ဟု ဖိအားပေးစေခိုင်းခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး နေရာပြောင်းရွေ့ရမည်ဟု ဖိအားပေးခဲ့သဖြင့် ကျေးရွာသားတချို့မှာ ၎င်းတို့ပိုင်ဆိုင်သော ကြက်၊ ဝက်များကို အောက်ဈေးဖြင့်ရောင်းချပြီး ရွာမှထွက်ခွာသွားကြသည်။

“နှင်ထုတ်ထားတာဆိုတော့ အိမ်မှာရှိတဲ့ ကြက်၊ ဝက်ကအစ ဈေးအနိမ့်ပေးရောင်းပြီး ထွက်လာတာ။ အခု ပြန်နေထိုင်ခွင့်ပေးပေမယ့် အိမ်ကိုရောက်ရင် လုပ်ကိုင်စားသောက်ဖို့ ဘာမှမရှိတော့ဘူး” ဟု သစ်ပုံကျေးရွာသားတစ်ဦးက ပြောသည်။

မာန်အောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက စစ်ရေးအရ လှုပ်ရှားမှုများရှိနေပြီး ဒေသခံများအား အာရက္ခတပ်တော်(AA)နှင့် မပတ်သက်ရန် ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...