စစ်တွေအကျဉ်းထောင်မှ ဘင်္လားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်ကို စစ်ကောင်စီ လွှဲပြောင်း

စစ်တွေအကျဉ်းထောင်မှ ဘင်္လားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်ကို စစ်ကောင်စီ လွှဲပြောင်း
ဓာတ်ပုံ - Bangladesh Embassy Yangon in Myanmar
ဓာတ်ပုံ - Bangladesh Embassy Yangon in Myanmar

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံသို့ စစ်ကောင်စီက လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာရေတပ်သင်္ဘောချင်းတွင်း(Chin Dwin)ဖြင့် ဧပြီ ၂၃ ရက်က ပို့ဆောင်ခဲ့ပြီး အဆိုပါသင်္ဘောသည် ယနေ့ ဧပြီ ၂၄ တွင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်သို့ ရောက်ရှိမည်ဖြစ်ကာ သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်မည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

အပြန်ခရီးတွင် ရခိုင်တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်‌ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ လွှဲပြောင်းလိုက်သော အကျဉ်းသားများထဲတွင် ကော့ဘဇားခရိုင်မှ ၁၂၉ ဦး၊ ဘန်ဒါဘန်ခရိုင်မှ ၃၀ ဦး၊ Rangamati ခရိုင်မှ ၇ ဦး၊ Khagrachari ခရိုင်၊ Noakhali ခရိုင်၊ Narayanganj ခရိုင်၊ Chattogram ခရိုင်၊ Rajbari ခရိုင်၊ Narshingdi ခရိုင်နှင့် Nilphari ခရိုင်တို့မှ ၁ ဦးစီ ပါဝင်သည်။

အကျဉ်းကျခံနေရသူ ၁၄၄ ဦးနှင့် တရားရင်ဆိုင်နေဆဲ ၂၉ ဦးဖြစ်ပြီး ရန်ကုန်ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ခံနှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးမှ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်းလည်း ဖြစ်သည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...