စစ်တွေအကျဉ်းထောင်မှ ဘင်္လားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်ကို စစ်ကောင်စီ လွှဲပြောင်း

စစ်တွေအကျဉ်းထောင်မှ ဘင်္လားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်ကို စစ်ကောင်စီ လွှဲပြောင်း
ဓာတ်ပုံ - Bangladesh Embassy Yangon in Myanmar
ဓာတ်ပုံ - Bangladesh Embassy Yangon in Myanmar

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံသို့ စစ်ကောင်စီက လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာရေတပ်သင်္ဘောချင်းတွင်း(Chin Dwin)ဖြင့် ဧပြီ ၂၃ ရက်က ပို့ဆောင်ခဲ့ပြီး အဆိုပါသင်္ဘောသည် ယနေ့ ဧပြီ ၂၄ တွင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်သို့ ရောက်ရှိမည်ဖြစ်ကာ သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်မည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

အပြန်ခရီးတွင် ရခိုင်တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်‌ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ လွှဲပြောင်းလိုက်သော အကျဉ်းသားများထဲတွင် ကော့ဘဇားခရိုင်မှ ၁၂၉ ဦး၊ ဘန်ဒါဘန်ခရိုင်မှ ၃၀ ဦး၊ Rangamati ခရိုင်မှ ၇ ဦး၊ Khagrachari ခရိုင်၊ Noakhali ခရိုင်၊ Narayanganj ခရိုင်၊ Chattogram ခရိုင်၊ Rajbari ခရိုင်၊ Narshingdi ခရိုင်နှင့် Nilphari ခရိုင်တို့မှ ၁ ဦးစီ ပါဝင်သည်။

အကျဉ်းကျခံနေရသူ ၁၄၄ ဦးနှင့် တရားရင်ဆိုင်နေဆဲ ၂၉ ဦးဖြစ်ပြီး ရန်ကုန်ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ခံနှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးမှ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်းလည်း ဖြစ်သည်။

Most read this week

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...