စစ်ကောင်စီလက်ချက်ကြောင့် သုံးလနီးပါးအတွင်း အမျိုးသမီး ၁၅၀ ကျော် သေဆုံး

စစ်ကောင်စီလက်ချက်ကြောင့် သုံးလနီးပါးအတွင်း အမျိုးသမီး ၁၅၀ ကျော် သေဆုံး

ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၂၀ ရက်အထိ သုံးလခန့်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ အမျိုးသမီး ၁၅၅ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women's Union)က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။ သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်သည်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအမျိုးသမီးများထဲတွင် လက်နက်ကြီးကျရောက်မှုကြောင့် ၇၂ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၄ ဦး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ၁၃ ဦး၊ ဖမ်းဆီးခံရစဉ် ပစ်သတ်ခံရမှုကြောင့် ၇ ဦး နှင့် ဖမ်းဆီးခံရစဉ်သေဆုံးသူ ၆ ဦး ပါဝင်သည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် ၅ ဦး၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ၃ ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ ဦး၊ အကျဉ်းထောင်အတွင်း ဆေးကုသမှု မလုံလောက်မှုကြောင့် ၂ ဦးနှင့် အဓမ္မပြုကျင့်မှုကြောင့် ၁ ဦး သေဆုံးသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၁၇ ရက်က ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာမှ သားအမိနှစ်ဦးအနက် သမီးဖြစ်သူအား စစ်ကောင်စီတပ်ဖွဲ့က အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးနောက် နှစ်ဦးစလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသည်။

“ဒီလိုလုပ်ရပ်တွေဟာ အင်မတန်ယုတ်ညံ့တဲ့ လုပ်ရပ်ဖြစ်တယ်။ တိုက်ပွဲအကြောင်းပြပြီး အရပ်သားပြည်သူတွေ၊ အမျိုးသမီးတွေ အသုံးချတာတွေဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်” ဟု ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီလက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ နေ့စဉ်ရှိနေပြီး စစ်ကောင်စီသည် စစ်ရာဇဝတ်နှင့် လူ့အခွင့်အရေးကို လုံးဝချိုးဖောက်နေကြောင်း ပြောကြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်များအရ ၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ မတ်လ ၂၀ ရက်အထိ အမျိုးသမီး ၃၈ ဦးကို လူမှုကွန်ရက်စာမျက်နှာတွင် သတင်းအမှားဖြန့်ဝေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...