ပင်လောင်းက ကရင်နီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ပင်လောင်းက ကရင်နီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ တောင်ဘက်မှာရှိနေတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဆန်းက စပြီး အလှူရှင်တွေ မရောက်ရှိတာကြောင့် ဆန်၊ ဆီ၊ ဆားစတဲ့ ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အဆိုပါ စစ်ရှောင်တွေဟာ အသိမိတ်ဆွေတွေဆီမှာ ချေးယူစားသောက်နေရပြီး  အလုပ်မရှိတာကြောင့်လည်း အခက်ခဲ တွေ့နေကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ စားစရာ ဆင်မပြေဘူးဗျာ။ အလှူရှင်တွေလဲ မရှိတော့လို့ အလုပ်လဲ မရှိတော့ စားဖို့သောက်ဖို့က တော်တော်ခက်ခဲနေကြတယ်။ အလှူရှင်လဲ မရှိတာကြာပြီး ၂၀၂၄ စဝင်ထဲက မရှိတော့တာ ခုထိပဲ “လို့ သူကပြောပါတယ်။

အဆိုပါကရင်နီစစ်ရှောင်တွေဟာ အာဏာသိမ်းကာလ တိုက်ပွဲစတင်ချိန်ကတည်းက စစ်ရှောင်နေသူတွေပါဝင်သလို အသစ်ထပ်မံရောက်လာတဲ့ စစ်ရှောင်တွေလည်း ရှိနေတယ်လို့  သိရပါတယ်။

“စာဝတ်နေရေးက ဘယ်ပြေလည်မလဲ။ ခက်ခဲတော့ ရှိတာပေါ့နော်။ ကိုယ်ရပ်ကိုယ်ရွာ မဟုတ်တဲ့ ခါကျတော့ပေါ့နော်။ အလုပ်လဲမရှိ ခက်ခဲတာပဲ အကုန်လုံး ကိုယ်တစ်ယောက်တည်းလည်း မဟုတ်ဘူးပေါ့နော်။ စစ်ရှောင်လာတဲ့လူတွေက ကုန်လုံး ခက်ခဲကြတယ်။” လို့သူကပြောပါတယ်။

အဆိုပါ ကရင်နီစစ်ရှောင်တွေဟာ  လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ နန်းမယ်ခုံ ဘက်ကနေရောက်လာကြတာဖြစ်ပြီး လူဦးရေ ၃,၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...